25 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာ MOU အလုပ်သမား ၉၉ ဦးကို ပို့ဆောင်သည့် ဖြူမေတ္တာအေဂျင်စီက စာချုပ်ပါ အလုပ်မဟုတ်ဘဲဆောက်လုပ်ရေး အလုပ်ကြမ်းများသို့ ပို့ဆောင်၍ ပြဿနာ ဖြစ်ပွားနေ၊ အေဂျင်စီက မရှင်းပေးဘဲ တိမ်းရှောင်

Must read

ထိုင်းနိုင်ငံတွင် မြန်မာ MOU အလုပ်သမား ၉၉ ဦးကို ပို့ဆောင်သည့် ဖြူမေတ္တာအေဂျင်စီက စာချုပ်ပါ အလုပ်မဟုတ်ဘဲဆောက်လုပ်ရေး အလုပ်ကြမ်းများသို့ ပို့ဆောင်၍ ပြဿနာ ဖြစ်ပွားနေ၊ အေဂျင်စီက မရှင်းပေးဘဲ တိမ်းရှောင်

ရန်ကုန်၊ မေ ၁၁

ထိုင်းနိုင်ငံတွင် မြန်မာ MOU အလုပ်သမား ၉၉ ဦးကို ပို့ဆောင်ခဲ့သည့် ဖြူမေတ္တာအေဂျင်စီက တရားဝင်စာချုပ်ပါ အလုပ်မဟုတ်ဘဲ ဆောက်လုပ်ရေး အလုပ်ကြမ်းများသို့ ပို့ဆောင်၍ အလုပ်သမားများနှင့် အေဂျင်စီအကြား ပြဿနာဖြစ်ပွားနေကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံတရားဝင်(MOU) စာချုပ်ဖြင့် အလုပ်လာလုပ်သည့် အလုပ်သမား ၉၉ ဦးသည် အေဂျင်စီဝန်ဆောင်ခ အများအပြားပေး၍ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော်လည်း စာချုပ်ချုပ်စဉ် ပြောထားသည့် အလုပ်နှင့် အမှန်တကယ် ရရှိသည့် အလုပ်ကွဲပြားနေ၍ ပို့ဆောင်ခဲ့သည့် ဖြူမေတ္တာကုမ္ပဏီနှင့် ပြဿနာဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့ ရန်ကုန်မှ ထိုင်းနိုင်ငံသို့ MOU စာချုပ်ဖြင့် ရောက်ရှိခဲ့ပြီး စာချုပ်ချုပ်စဉ်က အလူမီနီယမ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းလုပ်ကိုင်ရန်သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် ထိုင်းနိုင်ငံသို့‌ ရောက်ချိန်တွင်အလုပ်ကြမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဆာရာပူလီခရိုင် ထိုင်း-မလေးနယ်စပ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် လမ်းတံတားဆိုက်ထဲကို သံငြမ်းဆင်ဖို့ ကျနော်တို့ကို ပို့ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့နည်းတူ ကျန်တဲ့ အဖွဲ့အားလုံးလည်း တောထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပို့ခံရတယ်ဆိုပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်လာခဲ့တယ်။ အဖွဲ့အားလုံး Smart Cardထဲမှ တည်နေရာနဲ့အလုပ်မဟုတ်တဲ့အတွက် သက်ဆိုင်ရာ Agency ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းဖြူဖြူဝင်းကို ဖုန်းနဲ့ အကြောင်းကြားခဲ့ပါတယ်။ လာမဖြေရှင်းပေးပါဘူး” ဟု အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဖြူမေတ္တာကုမ္ပဏီ ပိုင်ရှင် ဒေါ်နန်းဖြူဖြူဝင်းက လက်ရှိ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော်လည်း အလုပ်သမားများ အရေးကို လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ၊ အလုပ်သမားများသည် အလုပ်ခွင်သို့ ရောက်ပြီး ၄ ရက်မြောက်နေ့တွင် ထိုင်းအလုပ်ရှင်သူဌေး က အလုပ်ကို မလုပ်လိုလျှင် မနေရန် ပြော၍ မောင်းထုတ်ခဲ့သည့်အတွက် လက်ရှိတွင် အလုပ်သမားများသည် နေစရာ စားစရာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ထိုင်းရောက် အလုပ်သမားများ အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့များဖြစ်သည့် WAF အဖွဲ့နှင် AAC အဖွဲ့များထံသို့ တိုင်ကြားထားကြကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

“ဝန်ဆောင်ခတွေ အဆမတန်ယူထားပါတယ်ဗျ။ လေယာဉ်လက်မှတ်ခ ၇ သိန်းခွဲ သီးသန့်ပေးရပါတယ်။ အလုပ်စာချုပ်က တစ်ဦးကို သိန်း ၄၀ စီ ပေးရပါတယ်ဗျ။ သူတို့ဘက်က ဘာမှ တာဝန်ယူမပေးရန် ကျွန်တော်တို့ဘက်က AAC နဲ့ ဖြစ်ဖြစ် WAG နဲ့ဖြစ်ဖြစ် နားလည်သူတွေနဲ့ ထိုင်းနိုင်ငံမှာ ဖြေရှင်းဖို့ အကူအညီတောင်းထားတာပါဗျ” ဟု အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article