25 C
Yangon

ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ် ပျူစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ် ပျူစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa မှ Daung Karyan မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

မေလ ၉ ရက် နံနက် ၁၀ နာရီ ၂၁ မိနစ်တွင် စစ်ကိုင်းမှ ပထမ အသုတ်ထွက်လာသော တွဲကား ၅ စီးကို ချောင်းဦး – မြင်းမူလမ်းပိုင်းတစ်နေရာ၌ အီနာဂါ ဗုံးသီးထည့် မိုင်း ၁ လုံးဖြင့်လည်းကောင်း၊ ပဒေသာမိုင်း ၅ လုံးတွဲဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ မောင်းနှင်လာသော ကားကို ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် အဆိုပါ ကား ၅ စီး အနက် ပထမ ကားနှင့် ဒုတိယ ကားကို မုံရွာ – ချောင်းဦးလမ်းပိုင်း တစ်နေရာ၌ ထန်းလုံးမိုင်းအကြီး ၂ လုံး၊ ပွိုင့် ၂ ပွိုင့်ဖြင့် စုစုပေါင်း ၄ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယကားပေါ်ပါ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် မုံရွာဝမ်ပေါင်ဘက်မှ ထွက်လာသော တွဲကား ၅ စီးအနက် ၄ စီးမြောက်ကားကို ချောင်းဦး -မြင်းမူ လမ်းပိုင်း၌ ရှေ့ထွက်မိုင်း ၁ လုံးအပါအ ဝင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force ၊ နွေဦးလူငယ် People’s Defence Force၊ Myinmu Local Defence Force ၊ တောသားကြီးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဝက်ပုတ် ပျူစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်မှုတော့ရှိတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ နှင့် ဘာမထီ အဖွဲ့ တမာမြေ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဝက်ပုတ်ရွာ ပျူစောထီးစခန်းရှိ ဘန်ကာအနီးတွင် ရော့ကတ်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article