လောင်းလုံးမြို့နယ်တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၁၁
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် အမေရိကန်(USA)၊ ယူကေ(UK)နဲ့ ဥရောပသမဂ္ဂ(EU) တို့အနေနှင့် မြန်မာစစ်ကောင်စီကို လေယာဥ်ဆီတင်ပို့ ရောင်းချနေမှုများကို ပိတ်ပင်တားဆီးပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်