25 C
Yangon

တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်၊ ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံ

Must read

တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်၊ ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

မေလ ၇ ရက်နေ့ နံနက် ၅ နာရီမှ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီထိ တမူးမြိုနယ်၊ မြိုသစ်မြို့တွင် တပ်စွဲထးသော အမှတ်-၂၂၈ ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ အတွင်း ရဲ ၂၁ ဦး အလံဖြူထောင် လက်နက်ချခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရစာရင်း အတည်မပြုနိုင်သေးကြောင်း၊ လက်နက်ချ အညံ့ခံသော ဖမ်းဆီးရမိသူများတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို ပါဝင်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ငယ် ၂၉ လက်၊ ၆၀ မမ ၁၂ လုံး၊ အီနာဂါ ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ Station Jammer ၃ ခု၊ ကျည်အိမ် ၃၄ ခုနှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တမူးခရိုင်၊ တမူးခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article