25 C
Yangon

PDF ကို ကြောက်နေရ၍ ရေနံမြေရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်များတွင် သွားရောက် တာဝန်မထမ်းရရေး အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရ

Must read

PDF ကို ကြောက်နေရ၍ ရေနံမြေရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်များတွင် သွားရောက် တာဝန်မထမ်းရရေး အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရ

ရန်ကုန် ၊ မေ ၁၂

မကွေးတိုင်းအတွင်းတွင် PDF များကို ကြောက်နေရ၍ ရေနံမြေလုံခြုံရေးစောင့်ရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် ရေနံမှော် လုပ်ကွက်များတွင် သွားရောက် မထမ်းဆောင်ရရေး ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးများကို အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရေနံမြေရဲတပ်ဖွဲ့မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များသည် PDF များ စိုးမိုးနေသော မကွေးတိုင်းအတွင်းရှိ ရေနံလုပ်ကွက်များတွင် တာဝန် မကျစေရန်အတွက် ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိကြီးများကို လာဘ်ထိုးနေရကြောင်း၊ အရာရှိဆိုလျှင် ငွေကျပ် သိန်း ၃၀ လာဘ်ထိုးရပြီး အခြားအဆင့်ဆိုလျှင် ငွေကျပ် ၅ သိန်း လာဘ်ထိုးရကြောင်း သိရှိရသည်။

“PDF တွေကို ကြောက်နေရလို့ ရှေ့တန်းရေနံမြေလုပ်ကွက်တွေဆီကို မသွားရဖို့အတွက် ရေနံမြေ ရဲတပ်ဖွဲ့မှူးကို အရာရှိဆိုရင် သိန်း ၃၀ အခြားအဆင့် ဆိုရင် ၅သိန်းအထိ ပေးရတယ်။ ရေနံမြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီရဲ့ သားကလည်း လကုန်ရင် သူ့အတွက် မုန့်ဖိုးဆိုပြီး ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေဆီက သီးသန့်လိုက်တောင်းတယ်။ ရဲမှူးကြီး လှရီရဲ့သားက အာကာတဲ့ ။ လက်ပံတို ကျောက်ခွက် ရေနံမြေများကို မသွားချင်ကြဘူး။ ငွေပေးလို့ရရင်ရ မရရင်လည်း သေမှာဆိုတော့ ထောင်ကျခံမယ်ဆိုပြီး ဘယ်ရဲမှ မသွားကြဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုကဲ့သို့ မကွေးတိုင်းအတွင်းရှိ ရေနံမြေ လုပ်ကွက်များသို့မ ပြောင်းရွှေ့သဖြင့် အရေးယူခံရသော ရေနံမြေရဲတပ်ဖွဲ့ဝင်များ ရှိနေပြီး မှတ်တမ်းဝင် လက်မှတ်ရေးထိုး သတိပေးကြောင်း သိရှိရသည်။

PDF အားနည်းသော ရေနံမြေလုပ်ကွက်များတွင်မူ ရေနံမြေ ရဲများကိုယ်တိုင် ရေနံများ ခိုးထုတ်ပြီး ငွေကြေးရှာဖွေကြကြောင်း၊ ရေနံမြေရဲများနှင့်အတူ စစ်တပ်ကပါ ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

“ဒုရဲမှူး တင်မောင်အေး က ထန်းကိုင်းရေနံမြေကပါ အထက်မင်းလှနယ်ဘက်မှာ ရေနံမြေသူခိုးတွေ တပ်ကလူတွေနဲ့ပေါင်းပြီး ရေနံလိုက်ခိုးပြီးထုတ်တယ်။ စစ်တပ်က ဗိုလ်ကြီး မင်းဝေ တို့နဲ့လည်း ပတ်သက်တယ်။ လုပ်စား ရေနံခိုးတဲ့ အဖွဲ့တွေပါ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ရေနံလုပ်ကွက်အများစုမှာ PDF များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသဖြင့် စစ်ကောင်စီက ရေနံများ သယ်ယူရောင်းချခြင်းမပြုရန် ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article