25 C
Yangon

မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီး

Must read

မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် စစ်တပ်နှင့်ပျူစောထီး စစ်အင်အား ၁၀၀ ဦးခန့်သည် မတ္တရာမြို့နယ်၊ ငါးလုံးင်္ပြန်ကျေးရွာမှ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာ၊ ဆိပ်သာကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ မေလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ကျွဲကျကျေးရွာကို မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“မေလ ၁၀ ရက်နေ့မှာတော့ တိုက်ပွဲ မဖြစ်ပါဘူး။ ဒါပေမယ့် အရင်ရက်တွေက တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်က အထိနာထားတယ်။ အဲဒါကြောင့် ထင်ပါတယ်။ ကျွဲကျကျေးရွာကို မီးရှို့ ပါတယ်။ နေအိမ် ၇ လုံးနဲ့ ဆိုင်ကယ် ၁ စီး မီးထဲပါသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်တပ်က မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ ထောင်သောင်းချီ၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article