25 C
Yangon

“ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။ အဲဒါကြောင့် ရှင်းလင်းရေးလုပ်ရတာပါ”

Must read

“ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။ အဲဒါကြောင့် ရှင်းလင်းရေးလုပ်ရတာပါ”

By ရန်ကုန်ခေတ်သစ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူး သက်နိုင်စိုးသည် ပြည်သူများကို နှိပ်စက်သတ်ဖြတ်နေသဖြင့် ဧပြီလ ၂၄ ရက်နေ့တွင် မတ္တရာမျိုးမှန်တပ်ဖွဲ့ က လက်ဖက်ရည်ဆိုင်တွင် ရှင်းလင်းခဲ့သည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး မတ္တရာ မျိုးမှန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့နယ်သားလို့ သိရပါတယ်။ သူရဲ့ နောက်ခံ အကြောင်းအရင်း သိထားရသလောက်ပြောပြပေးပါအုံးဗျ။

ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့သားဖြစ်တယ်။ မတ္တရာမြို့၊ ဘုရင့်နောင်အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တယ်။ ဗိုလ်မှူးသက်နိုင်စိုးရဲ့အဖေက မတ္တရာမြို့နယ် ကောက်ရိုးပုံရွာသားပေါ့။ ကောက်ရိုးပုံ ရွာဆိုတာက မတ္တရာရဲ့အနောက်ဘက်မှာရှိတယ်။ မတ္တရာနဲ့ စဉ့်ကူးကြားပေါ့၊ တိတိကျကျပြောရရင် တော့ ယက္ကန်းစင်တောင်ရဲ့ အနီးမှာရှိတယ်။

ဧရာဝတီမြစ်ရေတက်တဲ့ဒေသတွေပေါ့။ ဗိုလ်မှူးသက် နိုင်စိုးသည် ၁၀ တန်းကို မတ္တရာ အထက မှာတက်ပြီးတော့ ၂၀၀၀ ခုနှစ်မှာအောင်မြင်တယ်။ အောင် မြင်ပြီးတော့ DSA အပတ်စဉ် ၄၆ သင်တန်းဆင်းတစ်ယောက်ဖြစ်တယ်။

မေး။ ။ ဗိုလ်မှူးသက်နိုင်စိုးမတ္တရာမြို့နယ်ကို ရောက်ပြီး အခြေအနေနဲ့ မရောက်ခင်အခြေအနေ ဘယ်လိုကွာခြားမှုရှိလဲ။

ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုး မရောက် ခင်အချိန်က မတ္တရာမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းထုခဲ့တာ မျိုး မရှိခဲ့ဘူး။ ဗိုလ်မှူးသက်နိုင်စိုး စစ်ရေး တာဝန်ခံအနေနဲ့ မတ္တရာမြို့နယ်ကို သပိတ်ကျင်း တပ်က နေ ပြောင်းလာတယ်။ ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်းမှာ အဓိကတော့ ဗိုလ်မှူး သက်နိုင်စိုး ရဲ့ အဖေပေါ့နော်။ အဖေရဲ့ဇာတိဖြစ် တဲ့ကောက်ရိုးပုံရွာမှာ ကျနော်တို့ PDF လှုပ်ရှားမှုတွေရှိတယ်။

ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီးတဲ့နောက် ပိုင်းမှာ ဒီကောက်ရိုးပုံကနေစပြီးတော့ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာရှိတဲ့ ရွာတွေကို ရွာစဉ် ပတ် မွှေတယ်။ စစ်ကြောင်းတွေထိုးတယ်။ ရွာမှာရှိတဲ့ ပြည် သူတွေကို ဖမ်းဆီးတာတွေရှိတယ်။ နေရာ မှာတင်ပစ်သတ်ခဲ့တာတွေလည်း တွေ့ရတယ်။ ရွာစဉ်ပတ် ပြီး မီးရှို့တာတွေလည်း လုပ်ခဲ့တယ်။ ဗိုလ် မှူးသက်နိုင်စိုးက မတ္တရာသားဖြစ်တယ်ဆိုတော့ မတ္တရာ နယ်မြေကိုကျွမ်းကျင်တယ်။နောက်မတ္တရာရဲ့ အထာကို ကောင်းကောင်းသိတယ်။ ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်းမှာ မတ္တရာ မြို့ ပေါ်ကို ၆၀ မမ လက်နက်ကြီးထိုင်တာတွေ၊ ၈၁ တွေ သုံး တာ တွေရှိလာတယ်။

အဆိုးဆုံးက တော့ ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီး ၂ လအကြာမှာပဲ၊ မတ္တရာမြို့ နယ်ဘောလုံးကွင်းထဲ မှာ ဟောင်ဝှစ်ဇာ လာထိုင်တာရှိတယ်။ နောက်ပြီးတော့ အယ်ဖာလ်ဘိလပ် မြေစက်ရုံဘက်မှာ ဟောင်ဝှစ်ဇာထိုင်တာ တွေရှိတယ်။ ဗိုလ်မှူးသက်နိုင်စိုးရောက်လာပြီး နောက်ပိုင်း မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပုံက နည်း နည်း လေးပြောင်းလဲသွားတယ်။ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတော့ မြေပုံအတိအကျဆွဲပြီးတော့ မြေပြင်ကနေ စစ်ကြောင်းတွေထိုးတယ်။ နောက်တစ်ခုက စစ် ကြောင်းထိုးတာနဲ့ မသက်ဆိုင်တဲ့ဘက်ကို လက်နက်ကြီးတွေ‌နဲ့ တောက်လျှောက် ရမ်းသမ်း ပစ်ခတ် တာတွေ လုပ်ခဲ့တယ်။

ကျနော် တို့ ဒီအချက်တွေ တွေ့ရှိရတယ်။ ဗိုလ်မှူး သက်နိုင်စိုး မရောက်ခင် မတ္တရာနယ်မြေကို မရောက်ခင်ပုံစံ နဲ့ ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီး နောက်ပိုင်း မတ္တရာ နယ်မြေကို စစ်ကြောင်းထိုးတဲ့ပုံစံမျိုးအများကြီးပြောင်းလဲလာတယ်။ အများကြီးလည်း ရက်စက်လာ တယ်။ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပေါ့၊ မတ္တရာ အရှေ့ခြမ်းတွေရော အနောက်ခြမ်းတွေရော လက်နက်ကြီးတွေနဲ့ ထုတာ တောက်လျှောက်နေ့စဉ်စဉ်ဖြစ်လာတယ်။

မေး။ ။ သူက မတ္တရာကို ပြန်ရောက်လာတဲ့အချိန် ပြည်သူတွေအပေါ် ဘယ်လောက်အထိ ရက်ရက် စက်စက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြည်သူတွေသိအောင်ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့ပေါ်သား၊ မတ္တရာမှာပဲ ကျောင်းတက်၊ မတ္တရာမှာပဲ ကြီးပြင်းခဲ့တဲ့ သူဆိုတော့ မတ္တရာသားတွေအကြောင်းကောင်းကောင်း သိတယ်။ အဲဒါကြောင့် ဗိုလ်မှူးသက်နိုင်စိုးရောက်လာပြီးနောက်ပိုင်း မတ္တရာမြို့ပေါ်မှာ ကျနော်တို့ ရရှိထားတဲ့မှတ်တမ်းတွေအရဆိုရင်တော့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။

အဲလိုတွေလုပ်လာတဲ့အတွက် ကျနော်တို့ရဲ့အထက်မှာရှိတဲ့ ကောင်စီဝင်က နေပြီးတော့ ဗိုလ်မှူးသက်နိုင်စိုးကိုတော့ အရေးယူမှဖြစ်တော့မယ်။ ဗိုလ်မှူးသက်နိုင်စိုးကိုသာ အရေး မယူဘူးဆိုရင် ဒို့မြို့နယ် ဒီထက်ကြေသထက်ကြေဖို့ပဲရှိတော့တယ် ဆိုတဲ့ ညွှန်ကြားစာ ရောက်လာ တယ်။ ရောက်လာတဲ့အခါကျတော့ ကျနော်တို့မြေပြင်မှာသိထားတာ ကလည်း ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်း စကစတွေရဲ့နယ်မြေရှင်းလင်းရေး ပုံစံတွေက အားကောင်းလာတယ်။ နောက်တစ်ခုက တိကျလာတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ရက်စက်လာတယ်။

အဲဒီတော့ ဗိုလ်မှူး သက်နိုင်စိုးကိုသာ အရေးမယူနိုင်ဘူးဆိုရင် ကျနော်တို့ မတ္တရာမြို့နယ်ဒီထက် ကြေသွားနိုင်တယ်ဆို ပြီး တော့ ကျနော်တို့ဘက်ကလည်း မြင်လာတယ်။ အဲဒီအတွက် အထက်ကခေါင်းဆောင်တွေရဲ့ညွှန် ကြားချက်ကို ခံယူတယ်။ ခံယူပြီးတော့ ဗိုလ်မှူး သက်နိုင်စိုးကို ရှင်းလင်းခဲ့တာပါ။

မေး။ ။ သူ့ကို ရှင်းလင်းဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့ရလဲဗျ။ ဘယ်လိုတွေကြို တင်ပြင်ဆင် ခဲ့ရလဲ။

ဖြေ။ ။ ကြိုတင်ပြင်မှုအပိုင်းက တအားကြီးမကြာဘူးဗျ။ အချိန် ၁၅ ရက်လောက်ပဲ ယူခဲ့ရတယ်။ ဗိုလ် မှူး သက်နိုင်စိုးသည် မတ္တရာမြို့က ဒီလက်ဖက်ရည်ဆိုင်ကို နေ့စဉ်လက်ဖက်ရည်လာသောက် တယ် ဆို တဲ့အချက်အလက် ကျနော်တို့ဆီမှာ ရရှိထားတာဖြစ်တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုယ် တိုင် သွားပြီးတော့အတည်ပြုထားနိုင်တယ်။

ဆိုတော့ ပြသနာလေးတစ်ခုရှိနေတာက ဒီလက်ဖက်ရည် ဆိုင်ရဲ့အရှေ့ဘက်မီတာ ၂၀၀ အကွာမှာ စကစဘက်က ဘန်ကာ ၃ ခုတည်ဆောက် ထားတာရှိတယ်။ တိတိကျကျပြောရရင် မတ္တရာကနေ လက်ကောင်းလေးရွာကိုသွားတဲ့ မကျည်းသုံးပင်ဆိုတဲ့ လမ်းဆုံ မှာ ဘန်ကာ ၃ ခုတည်ဆောက်ထားတယ်၊ ဆိုတော့ ဒီစစ်ဆင်ရေး လုပ်ဆောင်မယ့် လက်ဖက်ရည် ဆိုင်နဲ့ ဘန်ကာ ၃ ခုနဲ့က မီတာ ၂၀၀ ဖြစ်တဲ့အတွက် တအားကြီးကပ် နေတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့လှုပ်ရှားမယ့်တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်တော်တော် ကြီးမားတဲ့အနေအထား။

နောက်တစ်ခုက ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အတည်ပြုတဲ့အခါမှာ ဗိုလ်မှူးသက်နိုင်စိုးသည် လက် ဖက်ရည်ဆိုင်လာထိုင်တဲ့အခါမှာ ၅ နှစ် ၆ နှစ်အရွယ် ကလေးတစ်ယောက်ကို‌ ခေါ်ခေါ်လာ ပြီးတော့ ထိုင်လေ့ရှိတယ်။ ထိုင်လေ့ရှိတော့ ကျနော်တို့ဘက်က တစ်ချက်တွေဝေသွားသေးတယ်၊ ဒီကလေး ပါတဲ့ အနေအထားတစ်ခုမှာ လုပ်ကိုင်ဆောင်ရွက်သင့် မဆောင်ရွက်သင့်ပေါ့။ ကျနော်တို့က လူ့အခွင့် အရေးတွေကို နားလည်နိုင်တဲ့ နှလုံးသားတွေ ဦးနှောက်တွေရှိတယ်။ အဲဒီတစ်ချက်တော့ တွေဝေသွား တာ။ သို့သော်လည်း ဗိုလ်မှူးသက်နိုင်စိုးကို ရှင်းလင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အဓိကအ ကြောင်း အချက်ကတော့ ဗိုလ်မှူးသက်နိုင်စိုးကြောင့် မတ္တရာနယ်မှာရှိတဲ့တော်လှန်ရေးအင်အားစု တွေ တော်တော်များများ ထိခိုက်တယ်။ နောက်ပြည်သူအသက်အိုးအိမ်စည်းစိမ်တွေ အများကြီး ထိ ခိုက်တယ်။ အဓိကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေကြောင့်မလို့ ပြည်သူတွေထိမှန်တာ၊ သေဆုံးခဲ့တာတွေ၊ အိုးအိမ်ပျက်စီးခဲ့တာတွေ၊ တိရစ္ဆာန်တွေ သေကြေခဲ့တာတွေရှိတယ်။ နေ့စဉ် နေ့ စဉ် နေ့စဉ်ပဲ မတ္တရာ အရှေ့ခြမ်းကို ထုလိုက်၊ အနောက်ခြမ်းကို ထုလိုက်နဲ့ တောက်လျှောက် ဒီလက် နက်ကြီးက ဒုက္ခပေး နေတာ။

ဒီလက်နက်ကြီးတွေရဲ့ အဓိက လက်သည်တရားခံသည် ဗိုလ်မှူး သက် နိုင်စိုး။ အဲဒီတော့ ဗိုလ်မှူးသက်နိုင်စိုးမရှိမှ ဒီမတ္တရာနယ်မြေအတွက်ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆ တဲ့အတွက် ရှင်းလင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

မေး။ ။ သူ့ကို ရှင်းလင်းပြီးနောက် စစ်တပ်ဘက်က ဘယ်တုံ့ပြန်တာတွေရှိခဲ့လဲ။

ဖြေ။ ။ စစ်တပ်ဘက်ကတော့ တော်တော် ပြင်းပြင်းထန်ထန် တုန့်ပြန်တယ်။ မစ်ရှင်လုပ်ပြီးတဲ့အခါမှာ စစ်တပ်က ကျနော်တို့ မတ္တရာမျိုးမှန်တပ်ဖွဲ့က လုပ်တယ်လို့ မထင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်။ ဒီလိုမျိုး ရှင်းလင်းရေးတွေ လုပ်ကိုင် ဆောင်ရွက်လေ့မရှိဘူး။ မရှိတော့ စစ်တပ်ဘက်က ဧရာဝတီမြစ်ကြောင်းဘက်တွေမှာ လုံးဝ လေ ကြောင်းနဲ့ တိုက်ခိုက်တာတွေရှိတယ်။

နောက်မြေပြင်မှာ အင်အား ၅၀၀ ကျော် ၆၀၀ လောက်သုံး ပြီး တော့ စစ်ကြောင်းတွေ ညှပ်ထိုးခဲ့တာရှိတယ်။ စစ်ကြောင်းမထိုးတဲ့နေရာတွေမှာ ဟောင်ဝှစ်ဇာတွေ လက်နက်ကြီးတွေနဲ့ ၅ ရက်ဆက်တိုက်ထုပြီးတော့ တောက်လျှောက် ပြင်းပြင်း ထန်ထန်တုန့်ပြန်ခဲ့ တယ်။

မေး။ ။ ဒီမစ်ရှင်နဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။

ဖြေ။ ။ ဒီမစ်ရှင်နဲ့ပတ်သက်ပြီး ဖြည်စွက်ပြောချင်တာကတော့ ကျနော်တို့အနေနဲ့ ဒီမစ်ရှင်ကိုလုပ်ကိုင် ဆောင်ရွက်ရခြင်းသည် မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့အသက်အိုအိမ်စည်းစိမ်ကို ဒီ ထက်ပိုပြီးတော့ ကာကွယ်ပေးချင်တယ်။ နောက် မတ္တရာနယ်မှာရှိတဲ့ တော်လှန်ရေး အရှိန်အဟုန် ကိုလည်း ဒီထက်ပိုပြီးတော့ ကြီးမားကျယ်ပြန့်စေချင်တယ်။

ဒီအတွက် ခလုတ်ကန်သင်းတစ်ခုလို ဖြစ် နေတဲ့၊ နောက်တစ်ခုက စကစအတွက် လုပ်ကိုင်နိုင်စွမ်း ကြီးမားတဲ့ ဗိုလ်မှူးသက်နိုင်စိုးကို အရေးယူ ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုမျိုးပဲ မတ္တရာမြို့နယ်ထဲမှာ စကစဘက်ကနေ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ တော်လှန်ရေးရဲ့ အရှိန်အဟုန်တွေ ပျက်သွားအောင် ဟန့်တားနိုင်တဲ့ အကြီးပိုင်းတွေ၊ အရာရှိတွေ ရှိခဲ့ရင်လည်း ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက် သွားဖို့ ဆုံးဖြတ်ထားတယ်။

အဲဒီတော့ ပြည်သူတွေကို သိစေချင်တာ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် COC အစီအစဉ် ၂ ရပ်လုံးကို လုံးဝလိုက်နာပြီးတော့မှ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ် တယ်။ ကျနော်တို့အနေနဲ့ မြေပြင်မှာ မဟာမိတ်‌‌ တွေနဲ့ပူးပေါင်းပြီးတော့ တိက်ပွဲကြီးတွေဖော်ဆောင် နေ သလို ယခုလို စကစအတွက် အရေးပါတဲ့ အရာရှိကြီးတွေ ရှင်းလင်းရေးတွေကိုလည်း ဆက် လက် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။ နောက်ထပ် ဒီထက် ဒီထက်မက လုပ်ကိုင်နိုင် စွမ်းကြီးမားလာဖို့အတွက် ကျနော်တို့ Page ကနေ ဆက်သွယ်ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article