25 C
Yangon

ပုလဲမြို့နယ်၊ လုပ်သားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ

Must read

ပုလဲမြို့နယ်၊ လုပ်သားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ

ရန်ကုန်၊မေ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လုပ်သားရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပုလဲမြို့နယ် လုပ်သားကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၅၀ ခန့်က ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လုပ်သားရွာကို အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေက အင်အား ၅၀ကျော်လောက်ပေါင်းပြီးတော့ အကြောင်းမဲ့ ဝင်ရောက် စီးနင်းတာပေါ့။ စစ်ကြောင်းထိုးလာတာ မဟုတ်ဘူး။ ရွာကိုပဲ ဝင်စီးပြီး မီးရှို့တာ အိမ်ခြေ ၅၀ မီးလောင်ပျက်စီးသွားတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လက်ရှိမှာတော့ လုပ်သားကျေးရွာက ပြည်သူတွေက ကျေးရွာထဲကို ပြန်လည် ဝင်ရောက် နေထိုင်ခြင်းမရှိသေးဘူး။ စစ်ကြောင်းကတော့ ထွက်သွားပြီ တောထဲ တောင်ထဲ လယ်ယာမြေတွေထဲမှာ ဆက်လက်ပြီးတော့ အဆင်ပြေသလို စားသောက် နေထိုင်ကြတာမျိုး ရှိတယ်” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လုပ်သားကျေးရွာသည် အိမ်ခြေ ၁၃၀ ဝန်းကျင်ခန့်ရှိပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်၌ အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာ၌ အထိုင်ချ တပ်စွဲထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article