26 C
Yangon

မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၃၀ ခန့်တွင် မုံရွာမြို့နယ် ကျောက်ဆစ်ပုံ အမြောက်တပ် အထိုင်တပ်ရင်းကို ၆၀မမ ၆ လုံး နှင့် ၁၂၀ မမ ၁ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများနေထိုင်ရာ အဆောင်များအတွင်း ထိမှန်ကျရောက်ပေါက်ကွဲပြီး တပ်သား ၈ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ၆၀ မမ ၆ လုံးရယ်၊ ၁၂၀ မမ တစ်လုံးရယ် ပစ်ပြီးတဲ့အခါမှာ သူတို့ဘက်က အမြောက်တပ်ထဲကနေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်သေးတယ်။ ထိရောက် မှုတော့ မရှိဘူး။ သူတို့က ရမ်းသမ်းပစ်တာဆိုတော့။ လက်နက်ကြီးက သူတို့အဆောင်တွေပေါ်ကို ကျတာ။ အဆောင်တွေပေါက်ကို ကျတဲ့အချိန်မှာ ၈ ဦးသေတာ၊ ပြီးတော့ ၈ ဦးအပြင်အခြားဒဏ်ရာ ရတဲ့သူတွေကို အိမ်စီးကားတွေနဲ့ ခေါ်ထုတ်သွားပြီးတော့ မုံရွာဆေးရုံကြီးကို ပို့တယ်ဆိုတာ အတည်ပြုနိုင်တယ်” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမေ့သားကျားသုံးဖော်-ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃ဝ ၊ တပ်ခွဲ ၄နှင့် မြောက်လွင်ပြင် Local တပ်ပေါင်းစု-ယင်းမာပင်ခရိုင်နှင့် တပ်ရင်းအမှတ်တို့မှ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article