25 C
Yangon

ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်

Must read

ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၃

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ဆည်မြို့နယ်၌ စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့်ကို ညောင်ရွေကျေးရွာနှင့် ညောင့်ဝန်းကျေးရွာ အကြားရှိ ဆံပင်ညှပ်ဆိုင်တွင် တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူက ပြည်သူတွေ အပေါ် စစ်တပ်နဲ့ပေါင်းပြီး အနိုင်ကျင့် ခြိမ်းခြောက်နေတဲ့ကောင် စစ်မှူထမ်း ဥပဒေအတွက် စာရင်းကောက်တဲ့ကောင် နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုကို စစ်တပ်ကိုအမြဲ သတင်းပေးတိုင်တမ်းနေတဲ့ ပျူ စောထီးပါ။ ကျေးရွာရဲ့ ဆယ်အိမ်မှူးလည်းဖြစ်သလို စစ်တပ်အမာခံထောက်ခံသူတစ်ဦးပေါ့” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း(A) လမ်း ၊ ၃၉ လမ်း လမ်းထောင့်ရှိ မဟာမြိုင် ၂ ရပ် ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၁၁ ရက် ညနေ ၆ နာရီခန့်က အတင်းအဓမ္မ စစ်မှုထမ်းရန်ခေါ်ယူခြင်း ၊ငွေညစ်ခြင်း၊ သန်းခေါင်စာရင်းစစ်ခြင်း အကြောင်းပြကာ ပြည်သူများအား ဒုက္ခပေးခြင်းတို့ လုပ်ဆောင်နေသော မဟာမြိုင် ၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို “No More Dictatorship People Defence Force-NMD” မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ထောက်တိုင်အဖြစ် ဆက်လက်လုပ်ကိုင်နေသော အုပ်ကြီး များ၊ ရာအိမ်မှူးများ၊ ပျူစောထီးများကို ပိုမိုထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article