28 C
Yangon

ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း Eagle Guerrilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွှေဘိုမြို့၊ ချစ်တီးကွင်းရပ်ကွပ်ရှိ ရန်မျိုးအောင်ဘုန်းကြီး ကျောင်းတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြဖ်းဖက် စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းလမ်းဘေးရှိ အုံးပေါက်ကျေးရွာတွင် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးမှု အခြေအနေကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့လည်း ဆက်လက် စုံစမ်းနေပါတယ်”ဟု Eagle Guerrilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်၁၅ တပ်ရင်း (Eagle Guerrilla Force)၊ နယ်စည်းမခြား ရွှေဘိုသား (fix winds) drone တပ်ဖွဲ့၊ ကြောင်လက်သဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အရာတော်နယ် သမန်းကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article