25 C
Yangon

အောင်လံမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထား

Must read

အောင်လံမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထား

■ စလွယ်အိတ်လွယ်သူများ၊ မှတ်ပုံတင် မပြနိုင်သူများနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများ အပါအဝင် အကြောင်းပြချက်မျိုးစုံဖြင့် လူငယ်များကို ဖမ်းဆီးပြီး စစ်သားအဖြစ်စုဆောင်း

ရန်ကုန်၊ မေ ၁၅

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလကုန်ပိုင်းမှစတင်ပြီး ယခုမေလပိုင်းအထိ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်တပ်က ၎င်းတို့ ရည်မှန်းထားသော လူငယ် စစ်သား အရေအတွက် စုဆောင်းမရသဖြင့် ယခုရက်ပိုင်းအတွင်း လူငယ် ၂၀၀ နီးပါး ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ညပိုင်း ဧည့်စာရင်းစစ်၍ ဖမ်းဆီးခြင်း၊ ယာဉ်စည်းကမ်းဥပဒေဖြင့် စစ်ဆေး ဖမ်းဆီးခြင်း၊ စလွယ်အိတ်လွယ်သူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်း စသည့် အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထားသော လူငယ်များကို အောင်လံမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်တပ် လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

“လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတာကတော့ အတော်ကို ကြမ်းတယ်။ စလွယ်အိတ် လွယ်သူတွေကို မသင်္ကာလို့ ဆိုပြီး ဖမ်းတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလို့ဆိုပြီးတော့လည်း ဖမ်းတယ်။ ဧည့်စာရင်းမတိုင်လို့ ၊ မှတ်ပုံတင် မပြနိုင်လို့၊ မှောင်ရိပ်ခိုလို့ အရက်သောက်ပြီး မူးနေလို့ အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းပြီး စစ်သားစုဆောင်းတာ။ ဖမ်းထားတဲ့ လူငယ်တွေကိုလည်း အထက ၁ ကျောင်းထဲမှာ ဖမ်းဆီးထားတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လက်ရှိ အောင်လံမြို့ပေါ်တွင် စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းများကြောင့် လူငယ်များမှာထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစုလိုက် ထွက်ပြေးနေရမှုများလည်းရှိကြောင်း သိရှိရသည်။

ထို့ပြင် အောင်လံမြို့တွင် စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် နာမည်ကြီးကျော်သော တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်၏ နေအိမ်ကို ဗုံးထောင်ရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်ဖြင့် လူငယ် ၃ ဦးကိုလည်း စစ်တပ်က မေလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး လူငယ်၃ ဦးကို အောင်လံမြို့ရဲစခန်းတွင် ဖမ်းဆီး ရိုက်နှက် စစ်ဆေးလျက်ရှိကြောင်း၊ လူငယ် ၃ ဦး၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

အောင်လံမြို့၊ စစ်ကောင်စီခန့် တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင့်တွင် စစ်မှုထမ်းရန် အကျုံးဝင်သော သား ၂ ဦးနှင့် သမီး ၁ ဦးရှိသော်လည်း သားသမီး ၃ ဦးစလုံးမှာ စစ်မှုထမ်းရမည့် စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article