25 C
Yangon

ခင်ဦးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျေးရွာ ၁၄ ရွာကို NUG အစိုးရ လျှပ်စစ်မီး စတင်ပေး

Must read

ခင်ဦးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျေးရွာ ၁၄ ရွာကို NUG အစိုးရ လျှပ်စစ်မီး စတင်ပေး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျေးရွာ ၁၄ ရွာကို NUG အစိုးရ လျှပ်စစ်မီး စတင်ပေးနေကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်

ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မီးဖြတ်တောက်ထားသော ကျေးရွာပေါင်း ၃၈ ရွာရှိပြီး ထရန်စဖော်မာ ဖျက်ဆီးထားမှု ၁၅ လုံးအထိ ရှိနေကြောင်း သိရသည်။

လက်ရှိချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှ ကြားကာလအတွင်း ကျေးရွာပေါင်း ၁၄ ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး ထရန်စဖော်မာ ၁၂ လုံး ပြင်ဆင်ထားပြီး ပြန်လည် အသုံးပြုနေကာ ၁ လုံးကို ဆက်လက် ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့တွင် NUG အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထောက်ပံ့သော 33/0.4 200 kva ထရန်စဖော်မာ အသစ် အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ် မီးလင်းရေး လုပ်ငန်းစဥ် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် မေလ ၁၄ ရက်နေ့တွင်လည်း ၄၀၀ ဗို့အား လိုင်း မီးဆွဲခြင်းပြီးမြောက်မှုနှင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ်ပကဖ တာဝန်ခံ၊ မြို့နယ်ပကဖဒုတာ ဝန်ခံ၊ လျှပ်စစ် တာဝန်ခံ၊ တွဲဘက်တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ တရားရေး အဖွဲ့၊ ပညာရေး စု ၁ စုမှူး၊ လူ့အခွင့်ရေးတာဝန်ခံ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ အခွန်တော်အရာရှိ၊မွေး/ကု တာဝန်ခံ၊ စိုက်ပျိုးရေး တာဝန်ခံ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ တိုက် နယ် ၄ ပကဖအဖွဲ့များ၊ ရပ်ကျေး ပအဖ/ပကဖများ၊ ကျေးရွာ မီးလင်းရေး ကော်မတီအဖွဲ့များစသည်တို့အသီးသီး တက်ရောက်၍၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ်မီး လင်းရေးအတွက် သက်ဆိုင်ရာဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article