25 C
Yangon

TNLA သိမ်းထားသော မြို့နယ် ၇ ခုရှိ စစ်ကောင်စီ Non-CDM ဝန်ထမ်းအား လုံး၏ တာဝန်များ ရပ်ဆိုင်းလိုက်ပြီး သတ်မှတ်ချက်နှင့်မညီသူများကို အပြစ် ပေး အရေးယူမည်ဟု တရားဝင် ကြေညာ

Must read

TNLA သိမ်းထားသော မြို့နယ် ၇ ခုရှိ စစ်ကောင်စီ Non-CDM ဝန်ထမ်းအား လုံး၏ တာဝန်များ ရပ်ဆိုင်းလိုက်ပြီး သတ်မှတ်ချက်နှင့်မညီသူများကို အပြစ် ပေး အရေးယူမည်ဟု တရားဝင် ကြေညာ

ရန်ကုန်၊ မေ ၁၅

TNLA သိမ်းထားသော မြို့နယ် ၇ ခု အတွင်း ရှိနေကြသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများကို လုပ်ငန်း တာဝန်အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး စစ်အုပ်စုထံမှ လစာထုတ်ယူခြင်း၊ အစီရင်ခံစာ ပေးပို့ခြင်း ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းများ တွေ့ ရှိပါက အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း TNLA က တရားဝင် ကြေ ညာသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့်ကာလမှ စတင်၍ ယနေ့အချိန်အထိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များအပါအဝင် PSLF အုပ် ချုပ်ရေးနယ်မြေအတွင်း လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်အတူ ပူးပေါင်းပြီး ယခင်ကထက် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း၊ ထိုကဲ့သို့ ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရာတွင် လုပ်ငန်းများ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နေကြောင်း သိရှိရသည်။

TNLA က သိမ်းထားသော နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များ အပါအဝင် တအာင်းပြည်အတွင်းရှိ အကြမ်းဖက်စစ် အုပ်စု ၏ လက်အောက် လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့သည့် Non-CDM ဝန်ထမ်းများ အားလုံး သည် လက်ရှိအချိန်ကာလတွင် မည်သည့်တာဝန်မျှမရှိတော့ဘဲ ယင်းတို့၏ လုပ်ငန်းတာဝန်များ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLA က ကြေညာသည်။

သို့ရာတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့် ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့်စီမံချက်အရ အပြစ်ပေးအရေးယူခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

တအာင်းပြည်အတွင်း ဆက်လက်နေထိုင်နေသည့် Non-CDM ဝန်ထမ်းများသည် စစ်အုပ်စုထံမှ လစာ/ ငွေကြေးများ ထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်း အစီ ရင်ခံစာ များပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိပါက အပြစ်ပေးအရေးယူ သွားမည် ဖြစ်ကြောင်း TNLA က ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article