25 C
Yangon

ရွှေဘိုမြို့အဝင်ဂိတ်များတွင် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေ

Must read

ရွှေဘိုမြို့အဝင်ဂိတ်များတွင် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေ

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မေလပိုင်းမှ စတင်ကာ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ကုန်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာကာ ကျေးရွာများ၌ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သိရသည်။

“မန္တလေးကနေ မုံရွာကို သွားတဲ့ ကုန်ကား ၁ စီးကို ရွှေဘို ဆုတောင်းပြည့် ဘုရားအနီးက စစ်ခွေးတွေက ဖမ်းပြီး မာရှယ်လော အမိန့် ဖီဆန်လို့ဆိုပြီး တစ်ည ဖမ်းထားပြီး သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ စစ်လို့ ဘာမှမတွေ့လည်း ၁၀ သိန်းကနေ သိန်း ၅၀ ထိပေးမှ ပြန်လွှတ်တာ ဖမ်းတာကတော့ နေ့တိုင်းဖမ်းတာ မြို့အဝင်ပေါက်တွေက ဖမ်းငွေတောင်းပြန်လွှတ် မြို့အတွင်းမှာလည်း ကားတွေနဲ့ ပတ်ဖမ်းနေတာ မြို့အတွင်းမှာ စျေးကြီးရှေ့ဆို သူတို့ စစ်ခွေးနဲ့ ရဲခွေးတွေက စျေးဝယ်သူလိုလို စျေးရောင်သူလိုလို ကားတွေနဲ့ကွယ်ပြီး ဖမ်းတာ လူတွေက အရပ်ဝတ်တွေနဲ့ ကားတွေအိမ်စီးကားတွေနဲ့ အနီးအနားရောက်မှ ကပ်ဖမ်းတာ ကုန်ကားတွေက မြို့အဝင်မှာ ဂိတ်ကြေးပေးရပြီး မြို့အတွင်းရောက်တော့လဲမြို့အတွင်းက ဖမ်းတဲ့ကောင်းတွေကို ငွေထပ်ပေးရလို့ ကျေးရွာတွေမှာကုန်စျေးနှုန်းတွေက မြင့်တက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများမှ ဈေးလာဝယ်သည့် ဆိုင်ကယ်များ၊ သုံးဘီးများနှင့် ကားများကို နေ့စဉ်ဖမ်းဆီးပြီး ငွေကျပ် ၃ သောင်းမှ ၃ သိန်း ထိပေးဆောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက ရွှေဘိုမြို့ကို လာသမျှ ဆိုင်ကယ်၊ သုံးဘီးနဲ့ ကားအကြီးအသေးတွေကိုလည်း တားပြီး ဖမ်းဆီး တာတွေ ခြိမ်းခြောက် ငွေတောင်းတာတွေလည်း လုပ်တယ်။ သုံးဘီး ၁ စီးကို သုံးသောင်း ကားအသေးဆို ၅ သောင်းနဲ့ ကားအကြီးတွေ ဆိုရင် ၁ သိန်းကနေ ၃ သိန်းထိငွေတောင်းနေပါတယ်။ ရွာတွေက ပြည်သူတွေလည်း မြို့ကိုမသွားရဲကြတော့သလို မြို့ပေါ်နေသူတိုင်းလည်း အပြင်မထွက်ရဲကြဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article