25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄၁၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာပြီး ၊ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၄၉ သိန်းခွဲအထိ စံချိန်တင် စျေးနှုန်း မြင့်တက်လာပြီလို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
  • ကရင်ပြည်နယ် ၊ မြဝတီမြို့က ရွှေက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ် ဂိုဏ်းတွေနဲ့ အလောင်း ကစားလုပ်ငန်းတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေတဲ့အပြင် အလုပ်သမား အသစ်တွေပါ အရှိန်အဟုန်နဲ့ ခေါ်ယူနေတယ်လို့ ရွှေက္ကိုလ်မြို့သစ်မှာ အလုပ်လုပ်နေတဲ့ သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ ဝဲကြီးထောင့်- ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် လူနာတွေ ၊ လူနာစောင့်တွေ နဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် ပြည်သူ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရထားပြီး သေဆုံးမှုတွေလည်း ရှိနေတဲ့အပြင် ၊ ဆေးရုံတစ်ခုလုံးလည်း ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ တင်ဆက်ပေးပါမယ်။

(ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article