25 C
Yangon

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာကို စစ်တပ်၏ မောရဝတီရေတပ်စခန်း ဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် မောင်နှမ ၂ ဦးသေဆုံး

Must read

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာကို စစ်တပ်၏ မောရဝတီရေတပ်စခန်း ဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် မောင်နှမ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာကို အကြမ်းဖက် စစ်တပ်၏ မောရဝတီရေတပ်စခန်း ဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် မောင်နှမ ၂ ဦးသေဆုံးခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်က ဇာဒီကျေးရွာကို တိုက်ခိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ ဇာဒီကျေးရွာ၊ သစ်လှတောရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်ထဲရှိ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နှင့် ညီမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့မှာတော့ အကြောင်းရှိမှာပေါ့၊ ဒါပေမယ့်အဲဒီတဝိုက်က တိုက်ပွဲမရှိဘူးဗျ။ ပြည်သူရှိရာ တမင်ပစ်တာ ဖြစ်နိုင်ပါတယ်။ အဲဒီဘက်မှာ ပြည်သူတွေပဲရှိတယ်ဆိုတာ သူတို့သိပါတယ်” ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇာဒီကျေးရွာသည် မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ၇ မိုင်ခန့်ဝေးသည့် ကျေးရွာဖြစ်ပြီး ဇာဒီကျေးရွာနှင့် အနီးအနားတဝိုက်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်လည်း ပျက်စီးသွားပြီး ပြည်သူများမှာလည်း ဘေးလွတ်မည်ထင်သည့်နေရာများကို ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြရကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article