26 C
Yangon

ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ ၂ ဦး ထပ်မံသေဆုံး စုစုပေါင်း သေဆုံးသူ ၈ ဦးထိ ရှိလာ

Must read

ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများထဲမှ ၂ ဦး ထပ်မံသေဆုံး စုစုပေါင်း သေဆုံးသူ ၈ ဦးထိ ရှိလာ

ရန်ကုန်၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၂ ဦး ထပ်မံသေဆုံး စုစုပေါင်း သေဆုံးသူ ၈ ဦး ထိရှိလာကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ မကျည်းအုပ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ YAK-130 ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချကာ စက်လက်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မကျည်းအုပ်ရွာရှိ PDF ရဲဘော်များနှင့် ပြည်သူများ အပါအဝင် ၆ ဦးသေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ မေ လ ၁၃ ရက်နေ့တွင် အသက် ၃၉ နှစ်အရွယ် PDF ရဲဘော် ကိုသက်အောင်နှင့် မေလ ၁၅ ရက်နေ့တွင် အသက် ၅၈ နှစ်အရွယ် ဒေါ်ညို တို့ ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ၈ ဦးမှာ အသက် ၆၉ နှစ်အရွယ် ဦးအုန်းသန်း ၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ညို၊ အသက် ၂၈ နှစ်အရွယ် ကိုစံလင်း၊ အသက် ၁၉ နှစ်အရွယ် PDF ရဲဘော် ဥက္ကာဗိုလ်၊ အသက် ၁၈ နှစ်အရွယ် PDF ရဲဘော် ကြယ်စင်၊ အသက် ၂၅ နှစ်အရွယ် PDF ရဲဘော် ဘန့်ဘွေး၊ အသက် ၂၁ နှစ် အရွယ် PDF ရဲဘော်ရွှေဒေါင်နှင့် အသက် ၃၉ နှစ်အရွယ် PDF ရဲဘော် ကိုသက်အောင် တို့ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုကျော်စွာဟိန်း ၊ အသက် ၁၇ နှစ်အရွယ် မောင်ချစ်မှေး ၊ အသက် ၅၀ နှစ် အရွယ် ဦမျိုး ၊ အသက် ၄၇ နှစ်အရွယ် ဦးစိန်ပေါ ၊ အသက် ၅၀ နှစ်အရွယ် ဦးအရွယ်မောင် ၊ အသက် ၃၅ နှစ်အရွယ် ကိုစိုးနိုင် ၊ အသက် ၆၀ နှစ်အရွယ် ဦဖိုးရီ ၊ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆောင် ၊ အသက် ၂၁ နှစ်အရွယ် ကိုအုပ်စိုးခန့်၊ အသက် ၂၀ နှစ်အရွယ် ကိုပြည်ဖြိုးအောင် ၊ အသက် ၂၅ နှစ်အရွယ် ကိုနေလင်းထွန်း ၊ အသက် ၃၃ နှစ်အရွယ် ကိုသိန်းဇော်ထွေး ၊ အသက် ၂၁ နှစ်အရွယ် ကိုနိုင်ကိုကို ၊ အသက် ၂၀ နှစ် အရွယ် ကိုဧရာမင်း ၊ အသက် ၁၈ နှစ်အရွယ် မောင်ဘူးသီး၊ အသက် ၅၂ နှစ်အရွယ် ဦးမောင်စိုး ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ဖြူဝင်း ၊ အသက် ၃၈ နှစ်အရွယ် မခင်နွယ်ဝင်း ၊ အသက် ၅၀ နှစ်အရွယ် ဒေါ်တိုး၊ အသက် ၂၅ နှစ် အရွယ် မမို့မို့ ၊ အသက် ၂၇ နှစ်အရွယ် မနန္ဒာဝင်း ၊ အသက် ၅ နှစ်အရွယ် မောင်ဖြိုးခန့်ဇော်၊ အသက် ၂၇ နှစ်အရွယ် မမိဝါ ၊ အသက် ၁၇ နှစ်အရွယ် မောင်လူဘော ၊ အသက် ၁၄ နှစ်အရွယ် မောင်လှိုင်ပြည့်ဖြိုး ၊ အသက် ၅၄ နှစ်အရွယ် ဦးဆန်းအေး ၊ အသက် ၃၅ နှစ်အရွယ် မိသက်မာနှင့် အမည်မသိ ပြည်သူ ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article