25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အကြမ်းစစ်ကောင်စီရဲ့ တပ် ၂ ခုပေါင်းထားတဲ့ နမ့်ဗျူ တပ်စခန်း ကုန်းကြီးကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဒီကနေ့မှာပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အမြား ရရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ နီးကပ်လာပြီဖြစ်တဲ့ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေကြောင့် သံတွဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်း အများစုဟာ ရန်ကုန် နဲ့ မန္တလေးကို ရွှေ့ပြောင်း ထွက်ပြေးနေကြတယ်လို့ ဝန်ထမ်းတွေရဲ့ အခြေနေကို သိထားတဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက စိုးရိမ်တကြီး မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် သိန်း ၅၀ ကျော်တဲ့ အထိ စံချိန်တင်မြင့်တက်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

(ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article