27 C
Yangon

ကရင်ပြည်နယ်တွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၃၀ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး အရှင်ဖမ်းဆီးရရှိဟု တောင်ပိုင်းတိုင်းစစ်ဒေသ ကြေညာ

Must read

ကရင်ပြည်နယ်တွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၃၀ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး အရှင်ဖမ်းဆီးရရှိဟု တောင်ပိုင်းတိုင်းစစ်ဒေသ ကြေညာ

ရန်ကုန်၊ မေ ၁၆

ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၏ ဧပြီလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၃၀ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး အရှင်ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNU (KNLA) နှင့် Force For Federal Democracy(FFD) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာ မိတ် ပူးပေါင်းတပ်ဖွဲများက တောင်ပိုင်းစစ်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲအနေဖြင့် ဖာပွန်မြို့ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ သင်္ကန်းညီနောင်ရှိ ခမရ ၃၅၅ ၊ ခမရ ၃၅၆ ၊ ၊ ခမရ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း အပါအဝင် စခန်းသိမ်းတိုက်ပွဲများ ၅ ကြိမ်၊ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း ၇၁ ကြိမ်၊ စစ်တပ် အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက် ခိုက်မှု ၃၃၆ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၁ ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်မှု ၁၃ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၅ ကြိမ်၊ စစ်တပ်ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၇ ကြိမ် တို့ကို မဟာမိတ်များနှင့် ဟန်ချက် ညီညီ ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၃၀ ဦးသေဆုံးပြီး ၂၄၁ ဦးဒဏ်ရာရရှိကြောင်း၊ စစ်တပ်သတင်းပေးဒလန်၊ လက်နက်ချအညံ့ခံသူများအပါအဝင် ၅၇ ဦးကို သုံပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးမိခဲ့ကြောင်း ၊ စစ်တပ် ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲဘော် ၃၂ ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး ၁၃၄ ဦး ထိခိုက်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် တောင်ပိုင်းစစ်‌ဒေသအနေဖြင့် တိုက်ခိုက်သိမ်းပိုက်ထားသော ဖာပွန်မြို့ အပါအဝင် ဗျူဟာကုန်းများကို ဆက်လက်ထိန်းချုပ်ထားပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတလျောက်အား ပြန်လည်ထိန်းချုပ်ရန် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၅၅ ၊ စကခ ၁၂ လက်အောက်ခံတပ်များကို လမ်းတလျောက် အသင့်စောင့်ကြို တားဆီးပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article