26 C
Yangon

မြန်မာ့ရွှေစျေး သိန်း ၅၀ ကျော်တွင် ဆက်လက် တည်ရှိနေပြီး အရောင်းအဝယ် ပုံမှန် ဖြစ်နေ၊ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျော်တွင် ဆက်လက်မြင့်တက်နေဆဲ

Must read

ရန်ကုန်၊ မေ ၁၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၅၀ ကျော်တွင် ဆက်လက်တည်ရှိနေပြီး အရောင်းအဝယ်မှာလည်း ပုံမှန် ရောင်းသူ၊ ဝယ်သူဖြင့် အလုပ်ဖြစ်နေကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်နှင့်နှစ်သောင်းကျပ်( ၅,၀၂၀,၀၀၀) အထိ စျေးနှုန်းစံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ယနေ့တွင်မူ အဖွင့်စျေးတွင် သိန်း ၅၀ တစ်ပတ်ချာလည်တွင် အနည်းငယ် အတိုးအလျှော့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယနေ့ ညနေပိုင်း စျေးပိတ်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်နှင့်တစ်သောင်းငါးထောင်ကျပ် ( ၅,၀၁၅,၀၀၀ )ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။

“အပိတ်စျေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို သိန်း ၅၀ နဲ့ ၁၅၀၀၀ ဖြစ်နေတယ်။ ရောင်းသူ ဝယ်သူ အပြင်မှာ ညှိရောင်း ညှိဝယ်လုပ်ကြတယ်။ ရွှေကုန်သည်တွေတော့ ရန်ကုန်စျေးကွက်ထဲ မလာကြဘူး။ အဖမ်းအဆီး ကြောက်လို့” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်သည့်စျေးကွက်တွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၀၀ ကျော်တွင် ဆက်လက်တည်ရှိနေကြောင်း၊ အတိအကျဆိုလျှင် တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၃၀ ကျပ်နှင့် ၄၁၀၀ အကြား ညှိနှိုင်း၍ ရောင်းဝယ်ကြကြောင်း၊ ဒေါ်လာစျေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်ဖြစ်ထွန်းနေကြောင်း ငွေလဲဒိုင်တချို့ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article