25 C
Yangon

မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုအပေါ် စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

Must read

မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုအပေါ် စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် မြစ်ကြီးနားမြို့ပေါ်သို့ ဦးတည်ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန် မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

“ဒီမနက် ၈ နာရီမှာ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တာ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်မှာ နေအိမ်တွေ လက်နက်ကြီးပေါက်ကွဲပြီး မီးလောင်တယ်။ ပျက်စီးတယ်။ လူ ၂ ဦးသေဆုံးတယ်။ နောက်တစ်ခါ နောက် ရပ်ကွက်တစ်ခုမှာလည်း စစ်တပ်လက်နက်ကြီးကျည်ကျပြီး လူ ၁ ဦး သေတယ်လို့ ကြားတယ်။ အိမ်မွေးဝက်တွေလည်း သေတယ်။ အိမ်တွေလည်း လက်နက်ကြီးထိပြီးတော့ ပြိုကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက မြစ်ကြီးနားမြို့ပေါ် နေရာတချို့ကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ လေတပ်ပတ်ဝန်းကျင်ကိုလည်း စစ်တပ်က စီးနင်းရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article