25 C
Yangon

မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

Must read

မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၈

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၇ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံး အနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ကျားသစ်နက်တပ်မတော် – Black Leopard Army မြိုင်တပ်ခွဲမှ ဦးဆောင်ပြီး အင်အား ၅၀ ဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲ၍ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“အဓိကတော့ မြိုင်မြို့ မီးသတ်ရုံးနားက ခွေးဂိတ်ကို ဝင်ပစ်တာပါ။ ကျန်တဲ့ နှစ်ဖွဲ့က စစ်ကူလမ်း ကြောင်းဖြတ်တောက်တာဝန်ယူတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီလောက်ကြာခဲ့ တယ်။ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် မသိရသေးပါဘူး” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း ၊ တပ်ခွဲ-၄ လရောင်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ဗိုလ်စတီးအဖွဲ့ ၊ ကိုမိုက်ခဲအဖွဲ့၊ ကျားပေါက်အဖွဲ့ နှင့် မိုင်းတစ်ထောင်ဗိုလ်ပြောင်အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article