26 C
Yangon

ဘူးသီးတောင် ခမရ ၃၅၃ တပ်ရင်းကို ရှင်းလင်းစဉ် စစ်ကောင်စီတပ်က အစားအစာ မကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားသော ရိုဟင်ဂျာ မွတ်စလင် ၃၅ ဦးကို AA က ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ခမရ ၃၅၃ တပ်ရင်းကို ရှင်းလင်းစဉ် စစ်ကောင်စီတပ်က အစားအစာ မကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားသော ရိုဟင်ဂျာ မွတ်စလင် ၃၅ ဦးကို AA က ကယ်ထုတ်နိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပိုက်ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်က ယင်းကဲ့သို့ ရိုဟင်ဂျာမွတ်စလင်များကို ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာ မွတ်စလင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၃၅ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေသည့်ရုပ်သံဗီဒီယိုနှင့် မေးမြန်းချက်များကို ယနေ့ မေ ၁၈ ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article