25 C
Yangon

၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း၄ ခုခန့်ကို စတင်သိမ်းပိုက်

Must read

၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း၄ ခုခန့်ကို စတင်သိမ်းပိုက်

■ စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်သည်ဟု သတင်းထွက်သော်လည်း အတည်မပြုနိုင်သေး

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်းတချို့ကို စတင်သိမ်းပိုက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေစိုက်ထားသော ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင်၊ ခလရ ၃၂၁ တပ်စခန်း ၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- ၁ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေညောင်ပင်မှာရှိတဲ့ ရွှေမင်းပြည်သူ့စခန်းကိုလည်းသိ မ်းလိုက်ပြီ။ အောင်မြေ ၁ မှာရှိတဲ့ ပြည်သူ့ စစ်တပ်ရင်းနဲ့ စစ်တပ်စခန်းကိုလည်းသိမ်းလိုက်ပြီ ။ အခုကတော့ စစ်တပ်စခန်း ၄ ခုလောက်ကို KIA ပူးပေါင်းတပ်တွေ သိမ်းနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် နယ်မြေမဆုံးရှုံးစေရန် အကြီး အကျယ် ခုခံနေကြေင်း၊ နှစ်ဖက်တိုက်ပွဲမှာလည်း အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ဝိုင်းမောင်မြို့နယ်၊ ရွှေညောင်ပင်တွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့သည်ဆိုသော သတင်းထွက်ပေါ်လာသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ရုံးခန်းကမူ အတည်ပြုခြင်းမရှိပေ။

“ဗိုလ်မှူးကြီးနော်ဘူ အစည်းအဝေးဝင်နေလို့ပါ။ သူထွက်လာမှ ကျနော်တင်ပြလိုက်ပါ့မယ်။ သေချာတော့ မသိရသေးပါဘူး” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့ စတင်ခဲ့သော စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article