25 C
Yangon

စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း စတင်

Must read

စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း စတင်

ရန်ကုန်၊ မေ ၁၈

အကြမ်းဖက် စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း ပြုလုပ်သွားမည်ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကမ်ပိန်းကို ယနေ့ မေလ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်းထောင်နှင့်ချီ၍ အကြမ်းဖက် စစ်တပ်ကို ပေးချေနေသော PTTEP ကုမ္ပဏီသည် မော်တော်ယာဉ် စက်ပြင်သင်တန်းအတွက် သင်တန်းသားလျှောက်လွှာများ ခေါ်ယူနေခြင်းကို သပိတ်မှောက်ကြရန် Facebook comment ကမ်ပိန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“PTTEP က အကြမ်းဖက်စစ်တပ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နိုင်ဖို့ ရေနံငွေ နှစ်စဉ် ဒေါ်လာ သန်း ထောင်နဲ့ချီပြီး ထောက်ပံ့နေတဲ့ကုမ္ပဏီပါ။ ပညာသင်ဆုဆိုပေမယ့် အဲ့ဒီမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေ သွေးတွေစွန်းနေတာပါ”ဟု ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကမ်ပိန်း ပါဝင်ရမည့် ပြည်သူများ အနေနှင့် အဆိုပါပညာသင်ဆု လျောက်လွှာခေါ်ယူထားသည့် ကြေညာချက်အောက်တွင် comment များ ဝိုင်းပေးကြရမည့် comment ကမ်ပိန်းဖြစ်ကြောင်း၊ ကမ်ပိန်းတွင် ပါဝင်ရမည့် ပုံစံကိုသွေးစွန်းငွေ Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/share/p/Kia736pDikpHASVK/?mibextid=oFDknk တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article