25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရခိုင့်တပ်တော် AA က ဒီကနေ့မှာပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ ရခိုင့်တပ်တော် AA က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၅၃ တပ်ရင်းကို ရခိုင့် တပ်တော် AA က သိမ်းပိုက်ရရှိခဲ့ပြီး စခန်းကို ရှင်းလင်းတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က အစားအစာ မကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင် ၃၅ ဦးကို ရခိုင့်တပ်တော် AA က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
  • ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဒီကနေ့မှာပဲ တစ်ပြိုင်နက်တည်း ဝင်တိုက်နေပြီး ၊ စစ်တပ်စခန်းကို ၄ ခုကို သိမ်းပိုက်ရရှိထားပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဖျက်အားပြင်းမိုင်းတွေနဲ့ ကြားဖြတ်ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ ဘက်က ဗျူဟာမှုး အပါအဝင် ၆ ဦးက သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

(ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုတွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article