25 C
Yangon

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ စျေးမြင့်တက်

Must read

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ စျေးမြင့်တက်

ရန်ကုန်၊ မေ ၁၉

ကမ္ဘာ့ရွှေစျေးစံချိန်တင် မြင့်တက်နေမှုကြောင့် မြန်မာ့ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ မြင့်တက်လာကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ကမ္ဘာ့ရွှေစျေးနှုန်းသည် ယနေ့ မေလ ၁၉ ရက်နေ့ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၁၉ အထိ စံချိန်ချိုးမြင့်တက်သွားပြီး မြန်မာ့ရွှေစျေးနှုန်းများလည်း ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က စျေးပိတ်တာ မီးလင်းရွှေက သိန်း ၅၀ နဲ့ ၇ သောင်း ပိတ်တယ်။ ဒီနေ့လည်း ထပ်တက်ဖို့ပဲရှိတယ်။ ကမ္ဘာ့ရွှေစျေးကလည်း အရမ်းကိုတက်တာ။ အမေရိကန်ဒေါ်လာ ၂၄၁၉ အထိရှိတယ်။ အဓိက ကမ္ဘာ့ရွှေစျေးက စံချိန်တင် တက်နေတာရယ် အရွက်(အမေရိကန်ဒေါ်လာ) စျေးမာနေတာရယ်ကြောင့် ပြည်တွင်းရွှေစျေး ကျဖို့ မမြင်ဘူး” ဟု လမ်းမတော်မှ ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်တွင် မိုးဦးကျကာလ နီးကပ်လာသည့်အတွက် ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစု စတင်ရပ်နားနေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် ရွှေထုတ်လုပ်မှုနှင့် ရွှေအဝင်နည်းလာသဖြင့် ရွှေစျေး ပိုမိုမြင့်တက်ရန်သာရှိကြောင်း ၎င်းက ရှင်းပြသည်။

“မိုးဦးကျဆိုတော့ ရွှေထုတ်လုပ်ရေးတွေ စနားကြပြီ။ မိုးကုန်နှောင်းပိုင်းလောက်မှ ပြန်ပြီးတော့ ရွှေထုတ်လုပ်ရေး တွေစကြမှာ။ အဲဒါကြောင့် ရွှေအဝင်ကတော့ နည်းသွားပြီ။ ရှိနေတဲ့ ရွှေကိုပဲ လည်ပတ်သုံးစွဲရမှာ။ အဝင်နည်းတော့ ရွှေလိုအပ်ချက်နဲ့ ဝယ်လိုအားက မြင့်နေဦးမှာမို့ ရွှေစျေးက အမြင့်ပိုင်းမှာပဲရှိနေမယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ရန်ကုန်မှ ရွှေကုန်သည် ၅ ဦးက လက်ရှိ မြန်မာ့ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် အနိမ့်ဆုံး ၄၉ သိန်းနှင့် အမြင့်ဆုံး ၅၂ သိန်းအထိ ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဖမ်းအဆီးများရှိလာလျှင် ရွှေစျေးကွက်ရပ်ဆိုင်းမှုများရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၂၀ ကျပ်နှင့် ၄၀၅၀ ကျပ်အကြား စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article