26 C
Yangon

နွားထိုးကြီး၊ အုတ်ရှစ်ကုန်းရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

Must read

နွားထိုးကြီး၊ အုတ်ရှစ်ကုန်းရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၈ ရက်နေ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းထားသည့် အင် အား ၄၀ ခန့်ဖြင့် နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“အုတ်ရှစ်ကုန်းရွာဝင်လာချိန်မှာတော့ အင်အား ၄၀ လောက်ရှိပါတယ်။ အခုတော့ ထွက်သွားပြီ။ အုတ်ရှစ်ကုန်းကနေ တောင်သာနယ်ဘက် လှည်းကူးမရောက်သွားပြီ။ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ 27 Revolution Force ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မလှိုင်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article