26 C
Yangon

စစ်အာဏာရှင်ကို တော်လှန်နေသော MSRF နှင့် MSDF တပ်တို့ စစ်ရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မွန်ပြည်အခြေစိုက်တပ်များအားလုံး အမိန့်တစ်ခုတည်းအောက်တွင် စစ်ရေး ပူးပေါင်းနိုင်ရေး စည်းရုံးမည်

Must read

စစ်အာဏာရှင်ကို တော်လှန်နေသော MSRF နှင့် MSDF တပ်တို့ စစ်ရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မွန်ပြည်အခြေစိုက်တပ်များအားလုံး အမိန့်တစ်ခုတည်းအောက်တွင် စစ်ရေး ပူးပေါင်းနိုင်ရေး စည်းရုံးမည်

ရန်ကုန်၊ မေ ၁၉

မွန်ပြည်အခြေစိုက် တော်လှန်ရေးတပ်များ ဖြစ်သည့် မွန်ပြည် ကာကွယ်ရေးတပ် MSRF နှင့် မွန်ပြည်ကာ ကွယ်ရေးတပ် MSDF တို့ စစ်ရေးဆိုင်ရာများ အတူတကွပူပေါင်းလုပ်ဆောင်နေပြီ ဖြစ်ပြီး တပ် ၂ တပ် ပူပေါင်း၍ အခြား မွန်ပြည်အခြေစိုက်တပ်များကိုလည်း အမိန့်တစ်ခုတည်းအောက်တွင် စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန် စည်းရုံးမည်ဟု MSRF အဖွဲ့မှ ပြောရေး ဆိုခွင့် တာဝန်ခံ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

MSRF နှင့် MSDF အဖွဲ့များသည် လှုပ်ရှားသည့် နယ်မြေကွဲပြားမှုရှိသည့်အတွက် စစ်ဆင်ရေးအတူလုပ်ဆောင်နေမှု မရှိသေးသော်လည်း စစ်သင်တန်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းများ တက်ရောက်၍ အတူလုပ်ဆောင်နေမှုများ ရှိကြောင်း၊ တပ် ၂ တပ်ပူပေါင်း၍ အခြားသော မွန်ဒေသရှိ တပ်များနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးညှိနှိုင်းမှုများလည်း ရှိကြောင်း MSRF အဖွဲ့မှ ပြောရေးဆိုခွင့် တာဝန်ခံ နိုင်နဂါးထံမှ သိရှိရသည်။

“MSDF တပ်နဲ့ MSRF တပ်တို့ အမိန့် တစ်ခုတည်းအောက်မှာ ပူးပေါင်းလုပ်ဆောင်သွားနိုင်ဖို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ တပ် ၂ တပ်ပေါင်းပြီးတော့ တခြားသော မွန်ပြည်အခြေစိုက်တပ်တွေကို စည်းရုံးပြီးတော့လည်း Chain of Command အတူတကွပူပေါင်း အမိန့်တစ်ခုတည်းအောက်မှာ စစ်ဆင်ရေးတွေ အတူတကွဖော်ဆောင်မယ်ဆိုလို့ရှိရင် ပိုပြီးထိရောက်အောင်မြင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကိုလည်း ကျွန်တော်တို့ လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်” ဟု MSRF အဖွဲ့မှ ပြောရေးဆိုခွင့် တာဝန်ခံ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် MSRF တပ်နှင့် MSDF တပ်များသည် စစ်ဘက်ဆိုင်ရာ ပညာပိုင်းဆိုင်ရာ ဖလှယ်မှုများ လုပ်ဆောင်နေကြောင်း၊ အခြားသော စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် သဘောတူညီမှုများ ရထားပြီးဖြစ်ကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article