25 C
Yangon

နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။

မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် နွားထိုးကြီးမြို့နယ် ထန်းတောမကျေးရွာ အတွင်း တပ်စွဲလာသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းနှင့် အတူ မဟာမိတ်တပ်ဖွဲများဖြစ်ကြသော မြင်းခြံခရိုင် တပ်ရင်း (၁) ၊ မြင်းခြံခရိုင် တပ်ရင်း (၂) ၊ မြင်းခြံခရိုင် တပ်ရင်း (၃) ၊ မြင်းခြံခရိုင် တပ်ရင်း (၈) ၊ မြင်းခြံမြို့နယ် ပကဖ ၊ နွားထိုးကြိးမြို့နယ် ပကဖ ၊ တောင်သာမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ် ပကဖ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article