25 C
Yangon

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး

Must read

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး

ရန်ကုန်၊ မေ ၁၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၁၆ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၀ တပ်ရင်းက ၈၁-မမ လက်နက်ကြီးဖြင့် ရေဖြူကန် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အသက် ၇၂ နှစ် အရွယ် ဦးမြတ်သိန်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ရေဖြူကန် ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာသစ်ရွာနှင့် ကျောက်တန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ရွှေကျင် ဗျူဟာမှလည်း ည ၁ဝ နာရီ ၃၉ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျွန်းတဲစု ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဦးဝင်းတင် လက်နက်ကြီးထိမှန်ကာ စိုးရိမ်ရ ဒဏ်ရာရှိခဲ့ပြီး ကျန်လက်နက်ကြီးကျည်များသည် ကျောက်တန်းကျေးရွာ၊ ဝိုင်မဂ်လာကုန်း၊ ညောင်အိုင်ကျေးရွာ အနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ခလယ်လွီထူခရိုင်အတွင်းရှိ ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် လျှက်ရှိနေသည့်အတွက် ကျေးရွာနေ သက်ကြီးရွယ်အိုများ ကလေးသူငယ်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင် နေထိုင် နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article