25 C
Yangon

ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် အတွင်း အထိုင်ချ တပ်စွဲထားသော လေ့ကျင့်ရေး ၈ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁ လုံးဖြင့် မိုင်းဆွဲပြီး ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Buffalo Soldiers Freedom Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force ချေမှူန်းရေးတပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်သော တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူး‌ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article