25 C
Yangon

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မြန်မာနိုင်ငံပြိုကွဲသွားပြီးနောက်ဆက်တွဲ မျှခြေအသစ်ပေါ် လာခြင်း

Must read

By Igor Blazevic

ဒီအနာဂတ် မှန်းဆချက် ကတော့ မြန်မာနိုင်ငံဟာ ပထဝီအရ နယ်မြေ ၇ခုကနေ ၉ ခုအထိ ကွဲသွားနိုင်ပြီး နိုင်ငံလို့ ပီပီပြင်ပြင်မဖြစ်သေးဘဲ လက်နက်ကိုင်တပ်အသီးသီး နေရာခွဲ အုပ်ချုပ်နေကြတဲ့ အဖြစ်မျိုးပါ။ စစ်တပ်ဟာ မြေပြန့်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ်းရိုးတန်းကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးကို တစ်စုတစ်စည်းတည်း ထိန်းထားဖို့အတွက်တော့ ဗိုလ်ကျစိုးမိုးနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။

စစ်တပ်ဟာ တခြားလက်နက်ကိုင်တပ်တွေထဲက တစ်ခုအနေနဲ့ပဲ ရှိနေတဲ့ ပုံစံပါ။ မြန်မာပြည်ရဲ့ နယ်စပ်ဒေသတွေနဲ့ အထက်မြန်မာနိုင်ငံရဲ့ နေရာအတော်များများကို အခြား လက်နက်ကိုင်တပ်တွေက စိုးမိုး အုပ်ချုပ်တဲ့ အခြေအနေပါ။

ပဋိပက္ခနည်းပါးလာနိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ မိမိတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အခွန်ဘဏ္ဍာနဲ့ ဝင်ငွေရရှိနိုင်အောင် ဆောင်ရွက်ဖို့ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေကြဖို့များပြီး မိမိတို့အုပ်ချုပ်နေတဲ့ ပြည်သူကို ဝင်ငွေရစေပြီး နယ်မြေအုပ်ချုပ်မှုပီပြင်လာအောင် ဆောင်ရွက်ကြမယ့် အနေအထား ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းပြည်အနေနဲ့ တစ်ခုတည်းဖြစ်နေသေးသော်လည်း de factoအားဖြင့် အစိတ်ိစတ် အမွှာမွှာဖြစ်နေပြီး တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်တဲ့ သဘော ဖြစ်နိုင်ပါတယ်။ နယ်မြေတစ်ခုချင်းစီမှာ လွှမ်းမိုးအားကောင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်မယ့် လက်နက်ကိုင် တပ်တစ်ခုစီရှိပြီး ဒီနယ်ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးထားတဲ့ အိမ်နီးချင်းနဲ့ အဓိက စီးပွားဖက်တွေလည်း ရှိလာနိုင်ပါတယ်။

ဒီမျှခြေအသစ်ဟာ အခြေကျလာတာနဲ့အမျှ တည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိ ရလာနိုင်ပြီး တဖြည်းဖြည်းအသားကျလာတဲ့ အခြေအနေအသစ်ကို တည်ထောင်လာနိုင်ကြမယ်။ ဒီကနေ့ ဆီးရီးယားနဲ့ တူပါတယ်။ (မြန်မာနဲ့ ဆီးရီးယားနဲ့ ကွာခြားတာကတော့ မြန်မာက ကွဲထွက်သွားမယ့် အစိတ်အပိုင်းပိုများတာပါ။)

ဒီအနာဂတ် မှန်းဆချက် လေးခုလုံးရဲ့ ဖြစ်လာနိုင်ခြေ အနာဂတ် မှန်းဆချက် ၁- စကစ ပြိုကျဖို့ ဖြစ်လာနိုင်သလို ဖြစ်ဖို့အကြောင်းလည်းရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဒီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို အရောက်ပို့မယ့်သူ တစ်ယောက်မှ တက်ကြွစွာလှုပ်ရှားနေတာမရှိပါဘူး။ ဘယ်နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုတလေကမှ လောက်လောက်လားလား သံတမန်နည်း၊ နိုင်ငံရေးနည်း၊ ဘဏ္ဍာရေး နည်းလမ်းတွေနဲ့ ဒီလမ်းကြောင်းပေါ်လာအောင် ကူနေတာမရှိပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ပြည်တွင်းက လူတွေအပေါ်ဘဲ လုံးဝမှီတည်နေပါတယ်။

ပြင်ပက အကူအညီကို မရတာက ခုချိန်မှာ အဟန့်အတားဖြစ်စေပါတယ်။ ပြည်တွင်းမှာ စစ်တပ်ကို တော်လှန်နေတဲ့သူတွေကတော့ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ ဖယ်ရှားဖို့ သန္နိဌာန်ခိုင်နေတုန်းပဲ ဖြစ်ပါတယ်။ (စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့အတွက်) စိတ်ခိုင်မာနေတာကြောင့် စစ်တပ်ပြိုကျ သွားတယ်ဆိုတာလည်း ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။

ဒီလိုပြိုကျဖို့ဆိုရင် NUG နဲ့ EROs တွေဘက်က နိုင်ငံတလွှားမှာရှိတဲ့ စစ်တပ်တွေကို စစ်ရေးအရ ဖိအားပေးတာကို စနစ်တကျ စိတ်ရှည်ရှည်နဲ့ လက်ရှိ အတိုင်းဆက်လုပ်သွားကြဖို့လိုပါတယ်။ မဟာမိတ် လွတ်မြောက်ရေးတပ်တွေနဲ့ စစ်ရေးအားဖြင့် ပူးပေါင်းဆောင်ရွက်တာကို မဟာဗျူဟာ နောက်တစ်ဆင့်ဆီ ရောက်အောင်သွားနိုင်ရင် စကစ ပြိုတဲ့ဆီရောက်ဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာအရ နောက်တစ်ဆင့်တက်ပြီး စစ်ရေးဖိအားမပေးနိုင်ရင်တော့ ပြည်မမှာ အခိုင်အမာ ရှိနေတဲ့ စစ်တပ်ကို ဖြိုချဖို့အတွက် လုံလုံလောက်လောက် အင်အားဖြစ်ထွန်းမှာမဟုတ်ပါ။

စစ်တပ်အ‌ပေါ် စစ်ရေးဖိအားတွေ ပေးနိုင်တာနဲ့ တပြိုင်နက်တည်းမှာပဲ NUG နဲ့ မဟာမိတ် EROs တွေဟာ စစ်တပ်အလွန် နိုင်ငံရေးအကူးအပြောင်းကို ဘယ်လိုသဘောတူညီချက်တွေနဲ့ အတူတကွ စီမံကြမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးလေးနက်ပြီးရှင်းလင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိလာကြဖို့ တက်ကြွစွာ ထိရောက်စွာ ဆောင်ရွက်ကြဖို့ လိုပါတယ်။

အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးသမားတွေကလည်း မဟာမိတ် ထဲ ဝင်လာကြဖို့ လိုပါတယ်။ ကိုယ်ကျိုး ကို ပဓာန ပြုတာတွေ၊ တရားဝင်မှုရှိတယ် ဆိုတဲ့အချက်အပေါ် အသည်းအသန်ယှဉ်ပြိုင်လိုစိတ်တွေ နဲ့ အာဏာရယူလိုစိတ်တွေကို လုံးဝ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းယှဉ်ပြိုင်တာ၊ တစ်စုနဲ့ တစ်စု ပြိုင်ဘက်လို သဘောထားတာ၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ရဲ့ လက်အောက်က နယ်မြေထဲမှာ သွားပြီး နယ်မြေရယူဖို့ ကြိုးစားတာတွေကို တားဆီးကြရပါမယ်။

ဒီလိုပြဿနာတွေ ပေါ်လာတာနဲ့ ချက်ချင်း အရေးပေါ် ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်လိုတာကိုပဲ ရှေ့တန်းတင်တာကို ရှောင်ရှားကြမှ လိုရာရောက်နိုင်ပါမယ်။ (မိမိဘက်က အများဆုံးရအောင် တစ်ဖက်ကို တွန်းတိုက်တာ၊ အမြင့်ဆုံး‌ တောင်းဆိုတာတွေလည်း မလုပ်သင့်တဲ့အထဲပါပါတယ်။ တစ်ဖက်ဖက်က ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတွေ တောင်းဆိုလာတဲ့အခါ လူတိုင်းဟာ သူ့ရဲ့ ရပိုင်ခွင့်ကို အလေးအနက် အသိအမှတ်ပြုပြီး ကျေနပ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မဟာမိတ်လွတ်မြောက်ရေးတပ်ဖွဲ့တွေထဲက နိုင်ငံရေး ကိုယ်စားလှယ် တွေဟာ မိမိတို့ မဟာမိတ်ဖြစ်မှုက မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို ဆောင်ကြဉ်းနိုင် လောက်အောင် ခိုင်မာကြောင်း အတူပြကြဖို့ အစီအစဉ်တွေလုပ်ဖို့ လိုပါတယ်။ ဒီလို မဟာမိတ်အဖြစ် အတူရပ်တည်နိုင်ဖို့ စိတ်ရှည်သည်းခံမျိုးတွေ လိုအပ်သလို စစ်တပ်ကို နည်းဟောင်း အတိုင်း စဉ်းစားပေးတာဟာ အဖြေမဟုတ်ကြောင်း နိုင်ငံတကာဆက်ဆံရေးမှာလည်း စိတ်ရှည်ရှည်နဲ့ အိမ်နီးချင်းတွေ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေကို နားချဖို့လိုပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကူတာနဲ့ မြန်မာပြည်အတွက် အဖြေရှာတာနဲ့ကို ရောမသွားကြဖို့၊ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့နဲ့ ပြန်နလံထူနိုင်ဖို့ကိုလုပ်နိုင်တာဟာ မဟာမိတ်အင်အားစုတွေသာဖြစ်ကြောင်း ပြောဆို သိမ်းသွင်းဖို့ ဆက်ဆံရေးတွေလိုပါတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူငယ်များက စစ်ကောင်စီ၏ အလံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူငယ်များက စစ်ကောင်စီ၏ အလံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ကြစဉ်။
- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article