ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်ရှိ အခွန်ဦးစီးရုံးမှ Non-CDM ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀ကဝန်ထမ်းများ၊ PDF ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်ဝန်းကျင်အချိန် စစ်ကိုင်းမြို့ပေါ်ရှိ Non-CDM အခွန်ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တောတွင်း တွတ်ပီ (LPDF) တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးကြောင်း၊ ထို့နောက် ဝန်ထမ်းများကို ခေါ်ဆောင်ပြီး ပြန်အထွက်တွင် စစ်တပ်နှင့် တိုးပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် Non-CDM အခွန်ဒုဦးစီးမှူး ၊ လ၀က ဝန်ထမ်းများ၊ PDF ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“မနေ့က ပစ်ခတ်မှုမှာ တော်လှန်ရေး တောတွင်း တွတ်ပီ LPDF ရဲဘော် တစ်ဦး ကျတယ်။ အူဇီ တစ်လက်၊ ဂလော့အတို တစ်လက် ကျန်ခဲ့တယ်။ Non-CDM တွေကို ဖမ်းပြီး ပြန်အထွက်မှာ စစ်ခွေးကလိုက်ပစ်တာ။ စုစုပေါင်း ၅ ဦးသေတယ်။ စစ်တပ်က ပစ်တာ။ အခွန်ဒုဦးစီး နဲ့ မိသားစု၀င်တွေလည်း သေတယ်။ လ၀က ဝန်ထမ်းတွေလည်းသေတယ်” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီလော်ဘီများနှင့် သတင်းစာမျက်နှာက ယင်းသတင်းကို ဖော်ပြရာတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခွန်ဝန်ထမ်းနှင့်လ၀က ဝန်ထမ်းများ သေဆုံးသည့်သတင်းကို မဖော်ပြဘဲ သေဆုံးသူအားလုံးသည် PDF များ ဆိုသည့် ပုံစံဖြင့် သတင်းများ ဖော်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar