26 C
Yangon

ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန်

Must read

ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန်

ရန်ကုန်၊ မေ ၂၂

ယနေ့ ကဆုန်လပြည့်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးကွက် ပိတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၂ သောင်းနီးပါး အထိ စံချိန်တင် စျေးထိုးတက်ခဲ့ကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၃ ဒေါ်လာအထိ မြင့်တက်လာခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး စျေးကွက်တွင် တစ်ဒေါ်လာ ၄၁၀၀ နီးပါးရှီလာခြင်းတို့ကြောင့် ပြည်တွင်း အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၁သောင်းခွဲ စျေးအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

“ပြင်ပစျေးကွက်မှာတော့ စျေးကတော့ ဖွင့်ပြီး အရောင်းအဝယ်လုပ်ကြတယ်။ ဒီနေ့လည်း စံချိန်တင်စျေးပဲ မနေ့က ၅၁ သိန်း ၉ သောင်းနဲ့ ပိတ်ထားတာ။ ဒီနေ့တော့ ၅၂ သိန်း ၁ သောင်းခွဲနဲ့ပိတ်တယ်။ မနက်ဖြန်တော့ စျေးကတော့ အတက်ဘက်ပဲ ရှိတယ်။ အဓိက အရွက်စျေး(ဒေါ်လာ) လည်းမာတယ်၊ ရွှေစျေးလည်း မာတယ်။ ရွှေစျေး ကျဖို့တော့ လမ်းမမြင်ပါဘူး” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိစျေးကွက်တွင် စစ်ကောင်စီ၏ အဖမ်းအဆီးကို ကြောက်လန့်၍ ရွှေကုန်သည်အများစုမှ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ချိတ်ဆက် လုပ်ဆောင်ကြပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ စျေးကွက်တွင် မည်သူကမှ အရောင်းအဝယ်မလုပ်ကြကြောင်း၊ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း၏ သတ်မှတ်သော စျေးနှုန်းမှာလည်း လက်တွေ့မကျသော စျေးဖြစ်၍ အရောင်းအဝယ်လုပ်၍လည်းမရကြောင်း ရွှေကုန်သည်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article