25 C
Yangon

တအာင်းပညာရေးကောင်စီ၏ ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲသို့ TNLA အထွေထွေ အတွင်းရေးမှူး နှင့် AA ဒုစစ်ဦးစီးချုပ် တက်

Must read

တအာင်းပညာရေးကောင်စီ၏ ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲသို့ TNLA အထွေထွေ အတွင်းရေးမှူး နှင့် AA ဒုစစ်ဦးစီးချုပ် တက်

ရန်ကုန်| မေ ၂၃

ရှမ်းမြောက်ဒေသ တအာင်းပြည် နမ့်ဆန်မြို့တွင် ယမန်နေ့ မေ၂၂ ရက်နေ့ ပြုလုပ်သော တအာင်းပညာရေးကောင်စီ (TLEC) ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲသို့ TNLA အထွေထွေ အတွင်း ရေးမှူး နှင့် အာရက္ခတပ်တော် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Ta’ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့ရာတွင် PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်လည်း တက်ရောက်ကြောင်း သိရှိရသည်။

ထို့နောက် သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ/မများ ဆုချီးမြှင့်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဥ်များပါ ပါဝင်ခဲ့ကြောင်း၊ အဆိုပါ အပတ်စဥ် ၃ သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပိုချပေးကာ ဆရာ/မ လူဦးရေ ၄၀၀ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article