25 C
Yangon

သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို ကို မုဒိမ်းကျင့်ခဲ့သော သေဒဏ်ရာဇဝတ် သား ပြူးကြီးကို ထောင်အာဏာပိုင်များက အရူးလက်မှတ်ထုတ်ပေးပြီး နိုင်/ကျဉ်းများနှင့်အတူ ထားရှိ

Must read

သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို ကို မုဒိမ်းကျင့်ခဲ့သော သေဒဏ်ရာဇဝတ် သား ပြူးကြီးကို ထောင်အာဏာပိုင်များက အရူးလက်မှတ်ထုတ်ပေးပြီး နိုင်/ကျဉ်းများနှင့်အတူ ထားရှိ

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း ၊ သာယာ၀တီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို (ခေါ် ) ရဲရဲကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သော ရာဇဝတ်ပြစ်မှု အကျဉ်းသား ပြူးကြီးကို အကျဉ်းစီးဌာနက အရူးလက်မှတ်ထုတ်ပေးကာ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ထားရှိကြောင်း သိရှိရသည်။

ယခုနှစ်ဖေဖော်ဝါရီလ ပထမအပတ်အတွင်း LGBTQ+ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင် (က)ကြီးတိုက်တွင် သီးခြားနေထိုင်ရစဉ် တစ်တိုက်တည်းနေသေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက နိုင်ငံရေးအကျဉ်း သား ရဲရင့်ကို ခေါ် ရဲရဲကို မုဒိန်းကျင့်ခဲ့ကြောင်း ၊ ရဲရင့်ကို(ခ)ရဲရဲက မုဒိန်း ကျင့်မှုကို ခုခံ ငြင်းဆန်သည့်အတွက် သေဒဏ်ကျအကျဉ်းသားပြူးကြီးက ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအ တွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။

ထို့သို့ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို (ခေါ်) ရဲရဲကို လိင်ပိုင်းဆိုင်ရာ စော်ကားသည် ရာဇဝတ်အကျဉ်း သား သေဒဏ်ကျ ပြူးကြီးကို လိင်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ကျူးလွန်မှုများအတွက် အပြစ် ပေးရမည်ဖြစ်သော်လည်း အကျဉ်းထောင်အာဏာပိုင်များက အပြစ်မပေးသည့်အပြင် အရူးလက်မှတ် ထုတ်ပေးကာ နိုင်ငံရေးအကျဉ်းသားများအပေါ် ရာဇဝတ်မှူများ ဆက်လက် ကျူးလွန်ရန် အားပေး အားမြောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ပြူးကြီးကို ထောင်ပိုင်က ထောင်တွင်း ဆရာဝန်ထံမှာ ရူးနေသူဖြစ်ကြောင်းနှင့် အရူးဆေးများသောက်နေရကြောင်း ‌‌ဆေးစာယူထားခိုင်းတယ်။ ဒါ့အပြင် ထောင်တွင်း ဆရာဝန်ကလည်း ပြူးကြီးက စိတ်ပုံမှန်မဟုတ်သည့်အတွက် အပြင် အရူးဆေးရုံတင် ထားရှိရမယ် ဆိုပြီး ထောက်ခံထားတယ်။ ဆရာဝန်၏ အရူးဖြစ်ကြောင်း ထောက်ခံချက် ရရှိထားတဲ့ ပြူးကြီးကို နိုင်ငံရေး အကျဉ်းသားများနဲ့အတူ ထားရှိတယ်။ နိုင်ငံရေးအကျဉ်းသားများတွေ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းစေရန် ရည်ရွယ် လုပ်ကြံနေတာ”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးသည် စိတ်ပိုင်းဆိုင်ရာ ရူးနေသူမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့ရာတွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို နှိပ်ကွပ်ရာတွင် ပြူးကြီးကို အသုံးပြုရန် လက်ကိုင်တုတ်အဖြစ် ထားရှိထားခြင်းဖြစ်ကြောင်း သိရှိရသည်။

” သာယာ ဝတီထောင်တွင်းရှိ မတရား အနိုင်ကျင့်ခံနေရသော နိုင်ငံရေးအကျဉ်းသားတွေ အတွက် စိုးရိမ်ပူပနေပါတယ်။ ပြူးကြီးက နိုင်ကျဉ်းတွေကို စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ အခုထက်ပိုမလုပ်ဆောင်မီ အားလုံးရှိစေချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်တွင်း၌ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့သည်။

LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊အမြတ်ထုတ်ခြင်း(မုဒိန်းကျင့်ခြင်း) အန္တရာယ်များနှင့်ပါ ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။ းသည်။

ထို့ပြင် အကျဉ်းထောင်များအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဉ်အပေါ်တွင် ကျူးလွန်သူ အခြားရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အဓမ္မပြုကျင့်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article