25 C
Yangon

မန္တလေးတွင် စစ်တပ်ပိုင် မြ၀တီဘဏ်၊ အမှတ် ၇ ရဲစခန်းကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ဟု တော်လှန် ရေးတပ်ဖွဲ့ ပြော

Must read

မန္တလေးတွင် စစ်တပ်ပိုင် မြ၀တီဘဏ်၊ အမှတ် ၇ ရဲစခန်းကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ဟု တော်လှန် ရေးတပ်ဖွဲ့ ပြော

ရန်ကုန်၊ မေ ၂၃

မန္တလေးတွင် စစ်တပ်ပိုင် မြ၀တီဘဏ်၊ အမှတ် ၇ ရဲစခန်းကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း

No More Dictatorship People Defense Force – NMDမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပထမ မစ်ရှင်အနေဖြင့် မေလ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချမ်းမြသာစည်မြိုနယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်အမှတ် ၉၀၂ ၊ ရန်ကုန်- မန္တလေးကား လမ်း၊ မြနန္ဒာလမ်းနှင် စစ်ကိုင်း-မန္တလေး ကားလမ်းကြား စစ်တပ်ပိုင် မြဝတီဘဏ် ရှေ့ အစောင့်ကင်းတဲကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အစောင့်စစ်သားများက အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်သော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ပိုင် မြ၀တီဘဏ်သည် စစ်ကောင်စီ လူသတ် ယန္တရားကို လည်ပတ်စေသည့် စီးပွားရေး ဒေါက်တိုင်ဖြစ်ခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု No More Dictatorship People Defense Force – NMDက ဆိုသည်။

ဒုတိယမစ်ရှင်အနေဖြင့် မေလ ၂၁ ရက်နေ့ ည ၇ နာရီ ခန့်အချိန် မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ကမ်းနားလမ်းအနီးရှိ အမှတ် ၇ရဲစခန်းကို လက်ပစ်ဗုံး (၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံး တစ်လုံးမှာ စခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ error တက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် ပစ္စည်း error ကြောင့် ရဲဘော်တစ်ဦး ဒဏ်ရာရကာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း၊ ကျန်ရဲဘော်တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကာ ယခု ဘေးကင်းသောနေရာသို့ ရောက်ရှိပြီ ဖြစ်ကောင်း သိရှိရသည်။

“ဒဏ်ရာရ တဲ့ရဲဘော်တစ်ဦးကတော့ ခု ဘေးကင်းရာ ရောက်နေပြီ” ဟု No More Dictatorship People Defense Force – NMDမှ တာဝန်ရှိက ရှင်းပြသည်။

တော်လှန်ရေးပြောက်ကျား UG ရဲဘော်များအနေဖြင့် သွေးမအေးကြောင်း ပြည်သူများအားအသိပေးပြီး စစ်ကောင်စီကို ခြိမ်းခြောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တော်လှန်ရေးကာလတစ် လျှောက် ထိခိုက်ဆုံးရှုံး ဖမ်းဆီးခံရမှုများစွာ ရှိသော်လည်း ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေးအတွက် ခိုင်မာသော စိတ်ဓါတ်ဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း No More Dictatorship People Defense Force – NMDက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article