25 C
Yangon

ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာ

Must read

ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာ

ရန်ကုန် ၊ မေ ၂၃

ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်အစိုးရက လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာပါတယ်။

စစ်ကောင်စီ ကဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ပြီး ဦးဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်တယ်လို့ မေလ ၁၇ရက်နေ့ စစ်ကောင်စီရဲ့ ပြန်တမ်းအရ သိရှိရပါတယ်။

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကို ဦးဆောင်ပြီး ကချင်ပြည် နယ် သယံဇာတရေးရာဝန် ကြီးဌာနဝန်ကြီးက ဒုတိယခေါင်းဆောင်အနေနဲ့ ပါဝင်ကာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအဖွဲ့ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ ၊ သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေလုပ်ဆောင်ဖို့ နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းတာဖြစ်တယ်လို့ စစ်ကောင်စီ က ဆိုပါတယ်။

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ် နှံမှုကော်ပိုရေးရှင်း- CPI ကနေ နာမည်ပြောင်းထားတဲ့ SPIC Yunnan International Power Investment Co.Ltd (SPICYN) နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်သွား မယ်လို့ ဆိုပေမယ့် လုပ်ငန်းစတင်မယ့် အချိန်နဲ့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကို တိတိကျကျ ထုတ်ပြန်ထားတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ကတော့ “ ကချင်ပြည်နယ်မှာ KIA အားကောင်းလာတာနဲ့အမျှ စကစ ကတော့ တရုတ်အစိုးရ နဲ့ လှည့်တိုက်ဖို့ ကြံနေပြီ။” လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် သူရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာမှတ်ချက်ရေးသားထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဧရာဝတီမြစ် မြစ်ဆုံဒေသ မှာဆောက်လုပ်မယ့် ဒီစီမံကိန်း ယခင်ဗိုလ်ချုပ်မှူးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ကချင်ပြည်နယ်က ဒေသခံပြည်သူတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၊ ပညာရှင်တွေ ရဲ့ ကန့်ကွက်မှုကြောင့် စီမံကိန်း ကိုရပ်နားထားမှာဖြစ်တယ်လို့ ဦးသိန်းစိန်အစိုးရ ကြေညာ ခဲ့ပါတယ်။

ယခင်စီမံကိန်း ရဲ့ အချက်အလက်တွေ အရ ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခနဲ့ မလိခတို့ဆုံတဲ့ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ၇ ခုနဲ့ မေခမြစ်အရှေ့ ဘက်နားမှာလည်း ၉၉ မဂ္ဂ၀ပ်ထွက်မယ့် ချီဖွေငယ်ဆည်တို့ကို တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကို စတင်ဖို့ ကြိုးပမ်းနေချိန်က ကချင် ပြည်နယ်မှာ စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ပြီး စစ်စခန်းပေါင်း ၁၀၅ ခုနဲ့ မြို့တွေ အများစုကို လက်လွှတ်လိုက်ရချိန်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- မြစ်ဆုံစီမံကိန်းဆိုင်းဘုတ်အဝင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article