25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်မှာ နှစ်လကျော်ကြာ စစ်ဆင်ရေးကာလအတွင်းမှာပဲ အကြမ်းဖက် စစ်ကောင်စီ ရဲ့ တပ်စခန်းပေါင်း ၁၀၀ ကျော်ကို KIA- PDF မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး ၊ လွယ်ဂျယ်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့တွေ အပါအဝင် အဓိက လမ်းမကြီးတွေ နဲ့ နယ်မြေစိုးမိုးမှုတွေဟာ တော်လှန်ရေးတပ်တွေ လက်အောက်ကို ကျရောက်သွားပြီလို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
  • ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြိုမှာ အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းနေတဲ့ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူးရဲ့ ဇနီး သေဆုံးပြီး အုပ်ကြီးက ဆေးရုံကို အရေးပေါ်ရောက်သွားသလို ၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း အုပ်ကြီးအိမ်မှာရောက်နေတဲ့ ပုဂ္ဂလိက ချေးငွေ ဝန်ထမ်း ၂ ဦးလည်း သေဆုံးသွားတယ်လို့ သာယာ ဝတီခရိုင် PDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ပြည်သူတွေဆီကနေ မတရား ဆက်ကြေးငွေ ကောက်ခံပြီး စစ်တပ်ကို ထောက်ပံ့နေတဲ့ ရဲ အမှုထမ်းဟောင်း မြင့်သိန်း ဆိုသူ ပစ်ခတ်ခံရပြီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article