27 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး၊ သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်း

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး၊ သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်း

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားပြီး ၎င်းစီးနင်းလာသည့် သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မီးချောင်းတင်ကျေးရွာမှ ပျူစောထီး သန်းဇော် သည် ထန်းပင်ကုန်းရွာ အရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီးကို ခိုးထုတ်ထားသည့် သစ်များ တင်ဆောင်လာသော ဖောကားဖြင့် ရောက်ရှိလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ဗျူဟာစစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီး သန်းဇော်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ပြီး ၄င်းမောင်းနှင်လာသည့် ခိုးထုတ်လာသော သစ်များ တင်ဆောင်လာသည့် ဖောကားကို တော်လှန်ရေး ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး သန်းဇော် သည် ပြည်သူများကို အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံ ထောက်လှမ်းပေးပို့ခြင်း၊ စစ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးကာ အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းပြီး ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများ လုပ်ဆောင်နေသောကြောင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သန်းဇော်က စစ်ခွေးနဲ့ ပေါင်းပြီး ရိုးမထဲက ကျွန်းနုပင်လေးတွေပါ မကျန် ခိုးထုတ်နေတဲ့အပြင် စစ်ခွေးတွေကို ကားနဲ့အကြိုအပို့လုပ်နေတာ​ကြောင့် သူ့ကိုစောင့်ဖမ်းပြီး ရှင်းလိုက်တာပါ။ သူရှင်းခံရပြီးတော့ အခုမနက် ခမရ ၆ က စစ်ခွေးတွေ ရိုးမထဲ တက်လာကြတယ်။ ခလရ ၁ က စစ်ခွေးတွေလည်း စစ်ကြောင်းထိုးဖို့ ပြင်နေကြတယ်။ သန်းဇော်က စစ်ခွေးတွေရဲ့ အမာခံ ထောက်တိုင်ဆိုတော့ စစ်ခွေးတွေ မကျေမနပ်ဖြစ်နေကြတယ် သူ့ကြောင့် ဖမ်းခံရပြီး သေတဲ့သူတွေရှိတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article