28 C
Yangon

ရေစကြို၊ ဇီးတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

စစ်တပ်က ပြည်သူ ၇ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာဘက်သို့ ဝင်ရောက်လသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာ၊ သဲတော ကျေးရွာ၊ ဇီးတောကျေးရွာများသို့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် လက်နက်ကြီး၊ လက်နက် ငယ်များ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ရွာအပြင်ဘက်တောင်ကုန်းများပေါ်မှနေ၍ တိုက်မိုင်း၊ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားများ ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း သိရှိရသည်။

“ဇီးတောရွာဘက်သို့ တက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။ ခွေးသေထိခိုက်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲသတင်းအတိအကျတော့ မသိရသေးပါဘူး။ သေနတ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိပါတယ်” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မေလ ၂၀ ရက်နေ့ ဇီးတောကျေးရွာမှ စစ်တပ်စစ်ကြောင်း လုံးဝဆုတ်ခွာသွားပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့်နေရာကို မေလ ၂၁ ရက်နေ့ တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရာ စစ်တပ်၏ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၂ လက် ၊ ၎င်းကျည်း ဘောက် ၉ ဘောက်၊ ၅ ဒသမ ၅၆ ကျည် ၁၆၈ တောင့်နှင့် ကျည်ကာခံပြားပါ အီကွေးမန့် ၂ စုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းက ဇီးတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ ပြီး ပြည်သူ ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်က မီးရှို့ မှုကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးခဲ့သော စစ်တပ်စစ်ကြောင်းကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO နှင့်မ ဟာ မိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါင်း သွေးနီပြောက်ကျားတပ်ဖွဲ့ – YSO အနေဖြင့် ကျည်များ ထပ်မံဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေသဖြင့် ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့ ပြည်သူများအနေ ဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article