27 C
Yangon

မင်္ဂလာဒုံ၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို စစ်တပ်၊ ရဲနှင့်စည်ပင်က ဖျက်ဆီးလိုက်ပြီး လူဦးရေ ၈၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

Must read

ပျဉ်းမပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် အမျိုးများ၏ နေအိမ် ၄၇ လုံးကို စစ်တပ်က မမဖျက်ဆီးဘဲ ကွက်ချန်သွား

ရန်ကုန်၊ မေ ၂၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ် တပ်နှင့်စည်ပင်က အင်အားအများအပြားဖြင့် ဖျက်ဆီးသွားပြီး လူဦးရေ ၈၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု ၊ ပုလဲ ၃ ရပ်ကွက် ၊ မြစပါယ်လမ်း ရဲတပ်ရင်း ၈ အနီးနှင့် ဂျိုးဖြူပိုက်လိုင်းတစ်လျှောက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို စစ်တပ်၊ ရဲ၊ နှင့်စည်ပင် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့များက မြေကော်ကားများ၊ ဘူဒိုဇာများဖြင့် ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“မနေ့က ပုလဲ ၃ ရပ်ကွက်၊ ရွှေနံ့သာနဲ့ ပျဉ်းမင် ကျေးရွာထဲကို စစ်တပ်က လူအင်အား ကားအင်အားအများမပြားနဲ့ လာရောက်ဖျက်ဆီးသွားပါတယ်။ တစ်ရပ်ကွက်လုံး ဖျက်မယ်လို့ ကြေညာထားပေမယ့် ပျဉ်းမပင်အုပ်ကြီး ဦးသိန်းထွန်းနဲ့ အမျိုးတွေရဲ့ နေအိမ် ၄၇ လုံးကို စစ်တပ်က မဖျက်ဘူး။ ကွက်ချန်သွားပါတယ်။ စုစုပေါင်း အိမ်ခြေ ၂၀၀ လောက် ဖျက်ဆီးခံရပါတယ်။ အခုတော့ အိမ်ငှားနိုင်တဲ့သူတွေက အခြားရပ်ကွက်တွေမှာငှားနေပြီးတော့ တစ်ဝက်လောက်ကတော့ နယ်တွေပြန်ကြပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ လူဦးရေကတော့ ၈၀၀ လောက်ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပုလဲ ၃ ရပ်ကွက် မြစပါယ်လမ်း ရဲတပ်ရင်း ၈ အနီးနှင့် ဂျိုးဖြူပိုက်လိုင်းတစ်လျှောက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီခန့် ရပ် ကွက် အုပ်ချုပ်ရေးမှူး တင်ထွန်းက မေလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖျက် သိမ်းရန် ခြိမ်းခြောက်စာများ ပို့ခဲ့ကြောင်း သိရှိရသည်။

မေလ ၈ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တင်ထွန်း ၊ ၎င်း၏ သားဖြစ်သူနှင့် အတူ လူမိုက်များ ခေါ်၍ အိမ်ကို ဖျက်သိမ်းရန် စာများ လိုက်လံ ဝေငှကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်များကို မဖျက်သိမ်းပါက စစ်တပ်ကို ခေါ်လာမည်ဟု ခြိမ်းခြောက်သွားကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်းခိုင်းနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတင်ထွန်းသည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းရာတွင် မအောင်မမြင်ဖြစ်ပြီးနောက် ရပ်ကွက်ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်နေပြည်သူများမှာ ၂၀၁၀ ခုနှစ်ကတည်းက အဆိုပါနေရာတွင် အခြေချနေထိုင်ကြသူများဖြစ်ပြီး ကျူးကျော်သူများ မဟုတ်ဟု ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article