25 C
Yangon

အကျဉ်းထောင်များတွင် အကျဉ်းသူများ၏ မိသားစုဝင်မဟုတ်ပါက ထောင်ဝင်စာ ပါဆယ်မပို့ရဟု စစ်ကောင်စီက ကန့်သတ်လိုက်မှု နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအတွက် ပိုမို အခက်အခဲဖြစ်စေ

Must read

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်စစ်တပ်လက် အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာပါဆယ်များ ပို့ရာတွင် အကျဉ်းကျခံနေရသူ၏ မိသားစုဝင် မဟုတ်ပါက ထောင်ဝင်စာ ပါဆယ်မပို့ရဟု စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီက မေလ ၂၂ ရက်နေ့မှစတင်ကာ အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်မဟုတ်ပါက ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ကြောင်း၊ အဆိုပါ ပိတ်ပင်မှုသည် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ခြင်းနှင့် အကျဉ်းဦးစီးဌာန၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ပြောဆိုသည်။

“အရင်ကဆိုရင် ကျွန်မတို့ အနေနဲ့က နာမည် အဖေနာမည် ထောင်ဝင်နံပါတ် သိရင် ပို့လို့ ရတဲ့ အနေထားပေမဲ့ အခုချိန်မှာ သူတို့ဘက်က ကန့်သတ်လိုက်တာတွေ ရှိနေပါတယ် ။ ထောင်ဝင်စာ ပါဆယ်ပို့ရင်တောင်မှ နေရာ ဝယ် တန်းစီပြီး ယူရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါတယ်ရှင် “ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံအကျဉ်းသား၊ အကျဉ်းသူများသည် တစ်ဦးနှင့်တစ်ဦး နေရာဒေသများ မတူညီကြကြောင်း၊ ထိုသို့ ထောင်ဝင်စာ ပါဆယ်ကိစ္စ အပေါ် ဖိနှိပ်လိုက်ခြင်းသည် အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ စားသောက်ရေးကိစ္စနှင့် ပတ်သက်ပြီး များစွာ ရိုက်ခတ်မှုရှိကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့သည် အကျဉ်းထောင်တွင်ရှိသည့် နိုင်ငံရေး အကျဉ်းသူများအတွက် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊အကျဉ်းဦးစီးဌာနအနေနှင့် တားမြစ်ဖိနှိပ်မှုများ လုပ်ဆောင်နေစေကာမူ မရရသည့်နည်းနှင့် နိုင်ငံရေးအကျဉ်းသူများနှင့် တစ်သားတည်း ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

ဓာတ်ပုံ – ၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဆူပူမှု နှိမ်နင်းရေး လေ့ကျင့်မှု သင်တန်း မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဆူပူမှု နှိမ်နင်းရေး လေ့ကျင့်မှု သင်တန်း မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article