25 C
Yangon

တောင်ငူ၊ မြပင်ကူးကျေးရွာအနီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တိုအကြား ၃ နာရီကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၄

ပဲခူးတိုင်း၊‌ တောင်ငူမြိုနယ်၊ မြပင်ကူးကျေးရွာအနီးတွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ် ရင်း ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မေလ ၂၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်မှစ၍ ကညင်မြောင် တိုက်နယ်၊ မြပင်ကူး ကျေးရွာအနီးတဝိုက်သို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အထိုင်ချနေသော အကြမ်းဖက်စစ်သားများ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ရက်ဆက်တိုက်ဖြစ်နေတာ၊ မေလ ၂၁ ရက်နေ့ကတည်းကပဲ၊ အရင်နေ့တွေက ကျန်နေသေးတဲ့ စစ်ခွေးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်တိုက်ပွဲ ၃ နာရီလောက်ကြာခဲ့တာ၊ ၁၅ ဦး သေပြီးတော့ ၃ ဦးဒဏ်ရာရတယ်ဆိုတာ မျက်မြင်အတည်ပြုနိုင်ခဲ့တာပါ” ဟု တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ် ရင်း ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောကြားသည်။

ထိုသို တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနားရှိ သာယာကုန်းကျေးရွာမှ နေအိမ် ၅ လုံးကို မီးရှိဖျက်ဆီးကာ မြပင် ကူးကျေးရွာ မြောက်ဘက်ရှိ ကျွဲဒိုင်ရွာသို ဆုတ်ခွာသွားကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သား အလောင်းများကိုလည်း ကျွဲဒိုင်ရွာအနီးသို သယ်ဆောင်ကာ ထန်းလျက်ရွက်များဖြင့် အုပ်ထား ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှာဖွေကာ ချေမှုန်းလျက်ရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article