25 C
Yangon

တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်

Must read

တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ လေသာကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ထံမှ သိရသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကျွန်းလည် ပျူစောထီးကျေးရွာရှိ လေသာကျောင်း အတွင်း တပ်စွဲထားသော ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အင်အား ၂၀၀ ဝန်းကျင်ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ဗျူဟာအမှတ် ၅၂ နှင့် ကန့်ဘလူခရိုင် တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article