25 C
Yangon

ငပုတောမြို့နယ်တွင် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေ

Must read

ငပုတောမြို့နယ်တွင် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေ

ရန်ကုန်၊ မေ ၂၅

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြာကွင်းရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင် ကြိုးဆွဲချ သတ်သေသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငပုတောမြို့နယ်၊ ကြာကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင်သည် အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ဖိအားပေး ခိုင်းစေမှုကြောင့် ကြိုးဆွဲချ သတ်သေသွားကြောင်း သိရသည်။

“ကြာကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးနိုင်ထွန်း ဒီနေ့ နံနက် ၁၀ နာရီမှ ကြိုးဆွဲချ သေဆုံးသွားတယ်။ စစ်တပ်ရဲ့ ဖိအားပေး ခိုင်းစေမှုတွေကြောင့် ကြောင်တောင်တောင်ဖြစ်နေရာကနေ အဆုံးစီရင်တဲ့ အထိ ဖြစ်သွားတာ ဆေးစစ်ချက် အတည်ပြုချက်လည်း ထွက်လာပြီလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ကြားကွင်းကျေးရွာရှိ ၎င်းနေအိမ်၌ ရောက်ရှိနေပြီး ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article