25 C
Yangon

သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်ခန့်မှ ၆ နာရီ ၂၅ မိနစ်ခန့်အထိ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်သားနှင့် ပျူစောထီးများ ပူပေါင်း၍ မတရား ငွေကြေး တောင်းခံနေသော ပန်းတောဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့်ပျူစောထီး ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ လက်နက်တွေတော့ သိမ်းဆည်းရမိတာ မရှိပါဘူး။ မြို့ထဲမှာဆိုတော့ စစ်ကူမြန်လို့ ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၆( တပ်ရင်း၂၇) ၊ ကော်သူးလေအာမီ (KTLA) နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဒေါင်းညီနောင်စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ စစ်အုပ်စုနှင့် နီးစပ်သော နေရာများကို မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက စစ်ရေး သတိရှိစွာ ဖြတ်သန်းသွားလာကြပါရန် နှိုးဆော်လိုကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article