25 C
Yangon

ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့တွင် နံနက် ၈ နာရီခန့်တွင် ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ခဲယမ်း လာရောက် ပို့ဆောင်မည့် လမ်းပိုင်းကို တည်သီးတောရွာမှ ပျူစောထီးများက မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇီးဖြူကုန်းရွာက စစ်ခွေးတွေက တည်သီးတောရွာက ပျူစောထီးတွေဆီကို ကျည်ထောက်ပို့ လာတဲ့အချိန် တည်သီးတောရွာ ပျူစောထီးတွေက မိုင်းရှင်းပေးနေတုန်း မိုင်းဆွဲ တိုက်ခိုက်တာ မင်းဘေးရွာနဲ့ တည်သီးတောရွာ အကြားမှာ မိုင်းဆွဲခဲ့တာ ပျူစောထီး ၂ ကောင်သေတယ်။ ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိတယ်” ဟု ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရွှေဘိုမြို့နယ် ဗိုလ်ကျားရိုင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article